နျူကလီးယားဓာတ်အားပေးစက်ရုံအနီး တိုက်ပွဲတွေဖြစ်နိုင်ပေမယ့် မြို့ခံတွေ ငြိမ်သက်စွာ ပြင်ဆင်နေ

0
1672

ကိယက်ဗ် – ဇူလိုင်(၇) 

ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်း ဇာပိုရီဇီဇီယာမြို့က ရုရှားထိန်းချုပ်ထားတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံနားမှာ တိုက်ပွဲတွေဖြစ်ပွားနိုင်တယ်လို့ ကိယက်ဗ်ရဲ့နောက်ဆုံးသတိပေး ချက်အပြီးမှာ မြို့ခံတွေ ငြိမ်သက်နေကြပါတယ်။ 

ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံလုံးဟာ ဇာပိုရီဇီဇီယာနျူကလီးယား ဓာတ်အားပေးစက်ရုံကို တိုက်ခိုက် ဖို့ ကြံစည်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အပြန်အလှန်ပြစ်တင်ဝေဖန်မှုတွေနဲ့ သံသယရှိနေကြ တာပါ။ 

ယူကရိန်းသမ္မတ ဗလာဒီမာဇယ်လန်းစကီးက အဲဒီစက်ရုံကို ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ အကြီးစားကျူးကျော်ဝင်ရောက်ပြီးနောက် မကြာခင်မှာဘဲ ရုရှားတပ်ဖွဲ့ဝင်တွေဟာ ဓာတ်ပေါင်းဖို အများအပြားရဲ့ အမိုးတွေကို သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဥရောပရဲ့ အကြီးဆုံးစက်ရုံ အခြေစိုက်တဲ့ နေရာက ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေး ကျွမ်းကျင်သူတွေဟာ ဖောက်ခွဲနိုင်တဲ့ ပစ္စည်းတွေကို ညွှန်းဆိုတာမရှိပေမယ့် သေချာစေဖို့ အတွက် ပိုမိုသိရဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ 

ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ နျူစွမ်းအင် အေဂျင်စီဟာ အနီးနားက စစ်ရေး ပဋိပက္ခတွေမှ ဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိတယ်လို့ အကြိမ်ကြိမ်သတိပေးထားတာပါ။ 

ယူကရိန်းကျန်းမာရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အရေးပေါ်အခြေအနေ လမ်းညွှန်ချက် တွေကို ထုတ်ပြန်ခဲ့ပြီး အစားအသောက်တွေ၊မျက်နှာအုပ်တွေပါဝင်တဲ့ အရေးပေါ်အိတ်တွေကို ပလတ်စတစ်နဲ့ ထုတ်ပိုးထားဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။ 

“အာဏာပိုင်တွေက ဓာတ်ရောင်ခြည် အရေးပေါ်အခြေအနေ ကြေညာထားရင် အိမ်ထဲမှာပဲ နေကြပါ ဒါမှမဟုတ် အမြန်ဆုံး ထွက်ရမှာပါ၊ နောက်ထပ်ကြေငြာချက်များကို နားစွင့်ပြီး ညွှန်ကြားချက်များကို လိုက်နာပါ” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကိုယ့်ကိုကိုယ်အတွက် ပြင်ဆင်ထားတဲ့သူတွေအနေနဲ့တော့ မကြောက်သင့်ဘူး ထင်ပါတယ်လို့ ဘူတာရုံရဲ့ မြောက်ဘက် ကီလိုမီတာ(၁၂၀) အကွာက ဇာပိုရီဇီဇီယာမှာ နေထိုင်တဲ့ အသက်(၅၅) နှစ်အရွယ် ဆရာဝန် အိုလီနာ ဟာဗရီလန်ကိုက ဆိုထားပြီး ယုံကြည်ရတဲ့ ကျွမ်းကျင်သူတွေရဲ့ စကားကို နားထောင်တာနဲ့ စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကို လိုက်နာဖို့ အရေးကြီးတယ်လို့ ဆို ထားပါတယ်။ 

ဆိုးရွားတဲ့ ထုတ်ပြန်ချက်တွေထဲမှာ လူပေါင်း(၇)သိန်းဝန်းကျင်ရှိတဲ့ မြို့တော်ဟာ ထိတ်လန့်စရာ အရိပ်အယောင်အနည်းငယ်သာ ရှိနေခဲ့တာဖြစ်ပါတယ်။ 

“ဟုတ်တယ်၊ငါတို့အခြေအနေတွေကိုလိုက်နာပြီးအရာအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်၊ နျူကလီးယားစွမ်းအင်က ရယ်စရာမဟုတ်ပါဘူး။ လူတိုင်း မြင်ဖူးကြမှာပါ။” လို့ နေကာမျက်မှန်တပ်ထားတဲ့ မြို့ခံတစ်ဦးက ဆိုပါတယ်။  

တခြားဒေသခံတွေကတော့ သူတို့အနေနဲ့ လိုအပ်ပါက ဘေးလွတ်ရာကို ရွှေပြောင်းဖို့ ပြင်ဆင် ထားသလို ကပ်ဘေးနဲ့ ပြင်းထန်မယ်ဆို မယုံကြည်ဘူးလို့ ပြောဆိုတာတွေရှိတယ်လို့ ရိုက်တာက ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ(၅) ရက်နေ့က ရုရှားနိုင်ငံရဲ့ နျူကလီးယားကွန်ရက်အကြီးအကဲရဲ့ အကြံပေး ရီနတ်ကာချာကတော့ ယူကရိန်းဟာ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေကို စက်ရုံပေါ် ပစ်ချဖို့ စီစဉ်နေတယ်လို့ စွပ်စွဲထားပြီး နှစ်ဘက်လုံးရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး လက်ရှိအချိန်ထိ သက်သေမပြနိုင်ကြသေးပါဘူး။ 

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.