၂၀၂၃ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို အီရန်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ ချီးမြှင့်ခံရ

0
697

အော့စ်လို၊ အောက်တိုဘာ(၈) 

၂၀၂၃ ခုနှစ်ရဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကို လူ့အခွင့်အရေးနဲ့လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အီရန်အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ နာဂျီစ့်မိုဟာမာဒီကို ချီးမြှင့်ဖို့ နော်ဝေးနိုင်ငံ နိုဘယ်လ်ကော်မတီက ဆုံးဖြတ်ချက် ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ပါတယ်။ 

နိုဘယ်လ်ကော်မတီက နာဂျီစ့်မိုဟာမာဒီဟာ အမျိူးသမီးအခွင့်အရေးတွေအပြင် လူ့အခွင့်အရေး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့တာကြောင့် ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသမီးအခွင့်အရေးနဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ နာဂျီစ့်မိုဟာမာဒီကို အီရန်စစ်အစိုးရက ၁၃ ကြိမ် တိုင်တိုင် ဖမ်းဆီးပြီး ၅ ကြိမ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့ကာ စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ်နဲ့ ကြိမ်ဒဏ် ၁၅၄ ချက် စီရင်ခံခဲ့ရသူ ဖြစ်ပါတယ်။ 

ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ချးီမြှင့်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာလည်း သူမဟာ အီရန်ရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၁၂ နှစ် အကျဉ်းကျခံနေရပါတယ်။ 

ဆုချီးမြှင့်ခံ့ရတဲ့ နာဂျီစ့်မိုဟာမာဒီဟာ အမျိုးသမီးအအခွင့်ရေးတွေအပါအဝင် အမျိုးသမီးအပေါ် အကြမ်းဖက်မှုတွေနဲ့ သေဒဏ်ချမှတ်ရေး ပြစ်ဒဏ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဦးဆောင်လှုပ်ရှားခဲ့သူလည်း ဖြစ်ပါတယ်။ 

၁၉၉၀ ခုနှစ်မှာ ရူပဗေဒကျောင်းသူဖြစ်ခဲ့တဲ့ နာဂျီစ့်မိုဟာမာဒီဟာ အီရန်လူထုရဲ့ တန်းတူရေး နဲ့အမျိုးသမီး အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့သလို ကျောင်းပြီး ချိန်မှာတော့ အင်ဂျင် နီယာ တစ်ဦးအဖြစ် အလုပ်လုပ်လုပ်ကိုင်ခဲ့ကာ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ သတင်းနဲ့ ဆောင်းပါးတွေ ရေးသားခဲ့တဲ့ သတင်းထောက်တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ 

နိုဘယ်လ်ကော်မတီကတော့ အကျဉ်းကျခံနေရတဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် အီရန် အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ နာဂျီစ့်မိုဟာမာဒီကို ဆုချီးမြှင့်မယ့် လာမယ့် ဒီဇင်ဘာလအတွင်း ပြန်လွှတ်ပေးဖို့ အီရန်အစိုးရထံ တောင်းဆိုထားပါတယ်။ 

Ref – The Nobel Prize Website

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.