ဘန်ကောက်ပစ်ခတ်မှု သေဆုံးသူနှစ်ဦးအတွက် တစ်ဦးလျှင်နစ်နာကြေး ဘတ် ၆ သန်းကျော် ထောက်ပံ့မယ်

0
624
Ambulances and police vehicles are seen outside Siam Paragon shopping centre in Bangkok on October 3, 2023, following a shooting incident in the mall. Thai Prime Minister Srettha Thavisin said there had been a shooting on Oct 3 at the shopping mall in downtown Bangkok, with hundreds of people seen fleeing the scene. (Photo by Lillian SUWANRUMPHA / AFP)

ဘန်ကောက်၊ အောက်တိုဘာ (၈) 

ဘန်ကောက်မြို့ ဆီယမ်ပါရာဂွန် ပစ်ခတ်မှုအတွင်း သေဆုံးသွားသူ ၂ ဦးရဲ့ မိသားစုဝင်တွေ အတွက် နစ်နာကြေးအဖြစ် ထိုင်းအစိုးရနဲ့ ကုန်တိုက်ပိုင်ရှင်တို့က တစ်ဦးလျှင် ဘတ် ၆ သန်း ကျော်အသီးသီးပေးအပ်သွားမှာ ဖြစ်ပြီး ဒဏ်ရာရသူတွေကို ဘတ် ၃ သိန်းခွဲစီ ထောက်ပံ့ပေး သွားမယ်လို့ သိရပါတယ်။ 

အသက်ဆုံးပါးသွားခဲ့တဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသားတို့ရဲ့ မိသားစုဝင်တွေရရှိမယ့် ဘတ် ၆ ဒသမ၂ သန်းအထဲမှာ ထိုင်းအစိုးရက ဘတ် ၁ ဒသမ ၂ သန်းပေးမှာဖြစ်ပြီး ကုန်တိုက်ပိုင်ရှင်မှ ကျန်တဲ့ ပမာဏကို ပေးချေသွားဖို့ ရှိနေပါတယ်။ 

ထိခိုက်ဒဏ်ရာ ရရှိသူတွေအတွက် ပေးအပ်မယ့် ဘတ် ၃ သိန်းခွဲကိုတော့ ထိုင်းအစိုးရ ဘတ် ၅ သောင်းနဲ့ ကုန်တိုက်ပိုင်ရှင်က ဘတ် ၃ သိန်းစီအသီးသီး တာဝန်ခံခွဲဝေပေးသွားမယ်လို့ ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍနဲ့အားကစားဝန်ကြီး ဆူဒါဝန်က ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ပုဂ္ဂလိကအလှူရှင်တစ်ဦးကလည်း ထိခိုက်ဒဏ်ရာရသူများကို နစ်နာကြေး ပေးအပ်နိုင်ဖို့ ထိုင်းအစိုးရကို ဘတ် ၁ သန်း လှူဒါန်းထားတယ်လို့ သိရပါတယ်။ 

သေဆုံးသွားတဲ့ တရုတ်နဲ့ မြန်မာနိုင်ငံသား ၂ ဦးတို့ရဲ့ မိသားစုဝင်တွေကတော့ ရုပ်အလောင်း ထုတ်ယူနိုင်ဖို့အတွက် ဘန်ကောက်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ 

ဆီယမ်ပါရာဂွန် ပစ်ခတ်မှုဖြစ်စဉ်ပြီးနောက် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ပြည်ပ နိုင်ငံသားတွေ သိသာထင်ရှားစွာ လျော့နည်းသွားတာ မျိုးမရှိဘူးလို့လည်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းအာဏာပိုင်က ပြောကြားခဲ့တယ်။ 

ဒါပေမယ့်လည်း တရုတ်ပြည်တွင်း မီဒီယာတွေမှာတော့ ထိုင်းနိုင်ငံရဲ့ သေနတ်ပစ်ခတ် အကြမ်း ဖက်မှု ဖြစ်စဉ်တွေကို ဖော်ပြထားတာကြောင့် တရုတ်ဧည်သည့်အချို့ကတော့ သူတို့လည်ပတ် မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းနိုင်တယ်လို့ သုံးသပ်ထားကြောင်း ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့က ဆက်လက်ပြောကြားထားတာပါ။ 

အခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသား ခရီးသွားဧည်သည့် သန်း ၂၀ ကျော်ရှိ ပြီး ထိုင်းခရီးသွားအာဏာပိုင်တွေကတော့ တရုတ်ဧည်သည့် ဝင်ရောက်မယ့် အရေအတွက်ကို မျှော်မှန်းချက်အတိုင်း ယုံကြည်မှုရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

Ref-ThaiPBSWorld

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.