သက်ဆင်သမီး ထိုင်းအာဏာရပါတီ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရ

0
418
Newly-elected Pheu Thai Party leader Paetongtarn Shinawatra (centre R), youngest daughter of former Thai prime minister Thaksin Shinawatra, poses for photos with Thailand's Prime Minister Srettha Thavisin (centre L) and party members at the Pheu Thai Party headquarters in Bangkok on October 27, 2023. Thailand's ruling party on October 27 elected the daughter of jailed billionaire ex-prime minister Thaksin Shinawatra as its leader. (Photo by Manan VATSYAYANA / AFP)

ဘန်ကောက်၊ အောက်တိုဘာ(၂၉) 

ထောင်နန်းစံနေတဲ့ ဘီလျံနာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာရဲ့သမီးဖြစ်သူဟာ ထိုင်းအာဏာရပါတီ Pheu Thai ရဲ့ ခေါင်းဆောင်အဖြစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ရွေးချယ်ခံလိုက်ရတယ်လို့ သိရပါတယ်။ 

နိုင်ငံရေးလောကသို့ ဝင်ရောက်ပြီး နှစ်နှစ်အကြာမှာပဲ သက်ဆင်ရဲ့ အငယ်ဆုံးသမီး ဖယ်တုံတန်ရှင်နာဝါထရာကို Pheu Thai ပါတီက ခေါင်းဆောင်အသစ်အဖြစ် မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 

“Pheu Thai ရဲ့ အုပ်ချုပ်ရေးအဖွဲ့သစ်ဟာ ပြည်သူတွေအတွက် နံပါတ် ၁ ပါတီဖြစ်လာဖို့နဲ့ ပါတီကို ပြန်လည် ဦးဆောင်ဖို့ တိုးမြှင့်ဆောင်ရွက်မယ်” လို့ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရတဲ့ ဖယ်တုံတန်က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ 

အသက် ၃၇ နှစ်အရွယ် ဖယ်တုံတန်ဟာ Pheu Thai ပါတီအတွက် ရေပန်းစားတဲ့ ခေါင်းဆောင်ဖြစ်ပြီး မေလအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့သောကြာနေ့က ကျင်းပခဲ့တဲ့ Pheu Thai ပါတီအထွေထွေအစည်းအဝေးမှာ ဖယ်တုံတန်ဟာ ပါတီခေါင်း ဆောင်ဖြစ်ဖို့ ၂၈၉ မဲနဲ့ ကြားနေတစ်မဲ့ လက်ခံရရှိခဲ့တာဖြစ်ပါတယ်။ 

သက်ဆင်ရဲ့သမီးဖြစ်သူ ပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံရမှုနဲ့ ပတ်သက်ပြီး ဖျူထိုင်းပါတီဟာ မိသားစုတစ်ခု တည်းကသာ လည်ပတ်နေတဲ့ပါတီဖြစ်တယ်ဆိုတာ ပေါ်လွင်စေတယ်လို့ ထိုင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ယူ တာပွန်အစ္စရာချိုင်က ပြောကြားခဲ့ပါတယ်။ 

“ပါတီကို တခေတ်ဆန်းဖို့ ကြိုးစားပေမယ့်လည်း အဆုံးမှာတော့ အနှစ်သာရ တူတူပဲဖြစ်နေတာမျိုးပါ။ ပါတီဟာ ရှင်နာဝါထရာမျိုးနွယ်ကပဲ ပိုင်ဆိုင်နေပါသေးတယ်”လို့ သူက AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

ဒါပေမယ့်လည်း Pheu Thai ပါတီရဲ့ လက်ထောက်ခေါင်းဆောင် ဖွန်ထမ်ဝီချယာချိုင်က မိသားစုပိုင်လုပ်ငန်း ဆိုတဲ့ ပြောဆိုချက်ကို ငြင်းဆိုခဲ့ပြီး ဖယ်တုံတန်ရဲ့ခေါင်းဆောင်မှုအခန်းကဏ္ဍကို ကာကွယ်ပြောဆိုခဲ့တာပါ။ 

“အဲဒါက သူမရဲ့ မျိုးရိုးအမည်ကြောင့် မဟုတ်ပါဘူး။ သူရဲ့ အရည်အချင်းအပေါ် အခြေခံပြီး လူတွေက ရွေးချယ်တာပါ”လို့ လက်ထောက်ခေါင်းဆောင် ဖွန်ထမ်ဝီချယာချိုင်က ပြောကြားခဲ့ပါတယ်။ 

Ref: AFP/rj

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.