တရုတ်မှာ ကလေးမွေးဖွားနှုန်းမြှင့်တင်မယ့် စီမံကိန်း စတင်

0
4021

ပေကျင်း – မေ(၁၆) 

တရုတ်နိုင်ငံဟာ ကလေးမွေးဖွားခြင်းဆိုင်ရာ ယဉ်ကျေးမှုကို ဖန်တီးဖို့ မြို့ပေါင်း (၂၀) ကျော်မှာ ရှေ့ပြေး ပရောဂျက်တွေကို စတင်လုပ်ဆောင်နေသလို နိုင်ငံရဲ့ ကလေးမွေးဖွားမှုနှုန်းကို မြှင့် တင်ဖို့ အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုဖြစ်တယ်လို့ သိရပါတယ်။ 

အစိုးရရဲ့ လူဦးရေနဲ့ မွေးဖွားမှုဆိုင်ရာ အစီအမံတွေကို အကောင်အထည်ဖော်တဲ့ နိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ တရုတ်နိုင်င့ရဲ့ မိသားစုစီမံကိန်းအဖွဲ့ဟာ အမျိုးသမီးတွေ လက်ထပ်ထိမ်းမြား ပြီး ကလေးယူကြဖို့ အားပေးတဲ့ ပရောဂျက်တွေကို စတင်မှာဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားတာပါ။

ထိမ်းမြားလက်ထပ်တာ၊ သင့်လျော်တဲ့အသက်အရွယ်မှာ ကလေးမွေးဖွားတာ၊ ကလေးပြုစု ပျိုးထောင်တဲ့ တာဝန်တွေ ခွဲဝေပေးဖို့ မိဘတွေကို အားပေးတဲ့ ပရောဂျက်တွေလည်း ပါဝင်မှာ ဖြစ်သလို သတို့သမီးတင်တောင်းချိန်မှာ အဖိုးအခကြီးမြင့်တာအပြင် တခြားခေတ်မမှီတော့တဲ့ ဓလေ့ ထုံးတမ်းတွေကိုလည်း စောင့်ကြည့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

စမ်းသပ်ဆောင်ရွက်မယ့် မြို့တွေဟာ တရုတ်နိုင်ငံ ဟဘေးပြည်နယ်က ကုန်ထုတ်လုပ်မှု အချက် အချာကြတဲ့ ကွန်ဂျွန်း နဲ့ ဟန်ဒန်တို့ပါဝင်ကာ China Family Assocation အသင်းဟာ ပြီးခဲ့ တဲ့ နှစ်က ဘေဂျင်းအပါအဝင် မြို့ပေါင်း (၂၀) မှာ ပရောဂျက်တွေကို စတင်လုပ်ဆောင်တာ ဖြစ်ပါ တယ်။ 

“လူ့အဖွဲ့အစည်းက လူငယ်တွေကို အိမ်ထောင်ရေးနဲ့ ကလေးမွေးဖွားခြင်းဆိုင်ရာ အယူ အဆ အပေါ် လမ်းညွှန်ပေးဖို့ လိုအပ်ပါတယ်” လို့ လူဦးရေစာရင်းပညာရှင် ဟီရာဖူ က ပြောပါတယ်။ 

အခွန်မက်လုံးတွေ၊ အိမ်ရာထောက်ပံ့မှုတွေနဲ့ တတိယကလေးမွေးတာအတွက် အခမဲ့ ဒါမှမဟုတ် ထောက်ပံ့ငွေတွေ အပါအဝင် ကလေးမွေားဖွားဖို့ တရုတ်ပြည်နယ်တွေမှာ စီမွချက်တွေ စတင် လုပ်ဆောင်နေချိန်မှာ ဒီစီမံကိန်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ 

(၃) ဦးမြောက် ကလေးယူရင် ရပိုင်ခွင့်တွေကို တားမြစ်ထားတဲ့ စီမံကိန်းတစ်ရပ်ကို တရုတ်နိုင်ငံ နဲ့ အဝှမ်းဆောင်ရွက်ဖို့ ကြိုးစားလာချိန်မှာ ဒီအစီအစဉ်ထွက်ပေါ်လာတာပါ။ 

တရုတ်နိုင်ငံရဲ့ တင်းကျပ်တဲ့ ကလေးတစ်ဦးသာ ယူပိုင်ခွင့်ရှိတဲ့ အိမ်ထောင်မူဝါဒကို ၁၉၈၀)ကနေ ၂၀၀၅ ခုနှစ်အထိ အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။ 

ဆယ်စုနှဏ် (၆) ခုအတွင်း တရုတ်နိုင်ငံရဲ့ ပထမဆုံး လူဦးရေ ကျဆင်းမှုနဲ့ လူဦးရေတွေအတွင်း က သက်ကြီးရွယ်အိုတွေ လျင်မြန်စွာဖြစ်ပေါ်လာတဲ့အတွက် တစ်ကိုယ်ရေနဲ့ လက်မထပ်ရသေး တဲ့ အမျိုးသမီးတွေဟာ နိုင်ငံရဲ့ မွေးဖွားနှုန်းကို မြှင့်တင်ဖို့ တခြားသော ဝန်ဆောင်မှုတွေထဲက မျိုးဥအေးခဲတာနဲ့ IVF ကုသမှုတို့ကို ရယူသင့်တယ်လို့ အစိုးရရဲ့ နိုင်ငံရေးအကြံပေးတွေက အဆို ပြုထားပါတယ်။ 

တရုတ်နိုင်ငံမှာ ကျားမခွဲခြားဆက်ဆံမှုဟာ အဓိက အတားအဆီးဖြစ်နေဆဲဖြစ်သလို အမျိုးသမီး တွေအနေနဲ့ သူတို့ ကလေးမွေးဖွားရာချိန်မှာ ကလေးထိန်းစရိတ်နဲ့ လုပ်ငန်းရပ်ဆိုင်းထားရတဲ့ အတွက် ကလေးထပ်မွေးဖို့ မဖြစ်နိုင်လို့ သားကြောဖြတ်တောက်တာတွေ ရှိနေတယ်လို့ သိရပါ တယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.