ဇယ်လန်းစကီးရဲ့ ယူကေခရီးစဉ်မှာ ရာနဲ့ချီတဲ့ ဒုံးကျည်အထောက်အပံ့တွေရဖို့ရှိနေ

0
1714

လန်ဒန် – မေ(၁၆) 

ရုရှားကျူးကျာ်မှုကို ခုခံနေတဲ့ ယူကရိန်းအတွက် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် တွေနဲ့ တာဝေးပစ်တိုက်ခိုက်ရေး ဒရုန်းရာပေါင်းများစွာ ပံ့ပိုးပေးဖို့ ကတိပြုထားတဲ့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆွန်နက်နဲ့ တွေ့ဆုံဖို့ ယူကရိန်း သမ္မတ ဟာ ဗြိတိန်ကို သွားရောက်မှာဖြစ်ပါတယ်။ 

ယူကရိန်းရဲ့ ရုရှားကို တန်ပြန်ထိုးစစ်မဆင်မီ သီတင်းပတ်ကုန်က ပြင်သစ်နဲ့ ဂျာမနီကို သွား ရောက်လည်ပတ်ချိန်အတွင်း စစ်ရေးအကူအညီသစ်တွေ ပေးအပ်မယ်လို့ ဗြိတိန်အစိုးရက အတည်ပြုခဲ့ပြီးနောက် ဒီခရီးစဉ်ထွက်ပေါ်လာတာပါ။ 

“မြေပြင်နဲ့ ဝေဟင်မှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေကို ချဲ့ထွင်ဖို့ ယူကေဟာ ဦးဆောင် သူတစ်ဦးဖြစ်ပါတယ်” လို့ ဇယ်လန်းစကီးက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဒီဆွေးနွေးမှုဟာ ယူကရိန်းသမ္မတရဲ့ ရုပ်သံမိန့်ခွန်းပြောမယ့် အိုက်စလန်မှာ ဥရောပ ခေါင်းဆောင်များ အစည်းအဝေးနဲ့ G-7 ထိပ်သီးဆွေးနွေးပွဲတွေကို အရှိန်မြှင့်လာမှာ ဖြစ်တယ် လို့ ဆွန်နက်က မှတ်ချက်ပြုထားပါတယ်။ 

“ဒီအချိန်ဟာ သူတို့မရွေးချယ်ခဲ့တဲ့ ရန်လိုတဲ့စစ်ပွဲကိုခုခံဖို့ ယူကရိန်းရဲ့ အရေးပါတဲ့ အခိုက် အတန့်ပါပဲ၊ ငါတို့ သူတို့ကို ကျဆင်းမသွားစေရဘူး” လို့ဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် သမ္မတဗလာဒီမာပူတင်ရဲ့ ရှေ့တန်းက ရန်လိုတဲ့ စစ်ပွဲစာ ယူကရိန်းမှာဘဲ ရှိကောင်း ရှိ နိုင်ပေမယ့် ပြတ်ရွေ့ကြောတွေဟာ တစ်ကမ္ဘာလုံးမှာ ပျံ့နှံ့နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါ သေးတယ်။ 

ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ဒေါင်းနင်းလမ်း အိမ်တော်မှာ ဆွန်နက်က အကွာအဝေး (၂၀၀) ကီလိုမီတာ ကျော်ပစ်ခတ်နိုင်တဲ့ တာဝေးပစ်တိုက်ခိုက်ရေး ဒရုန်းအသစ်ရာနဲ့ချီအပါအဝင် မောင်းသူမဲ့ လေကြောင်း စနစ်တွေကို နောက်ထပ်ပံ့ပိုးပေးဖို့ ရှိတယ်လို့ သိရပါတယ်။ 

“ဆက်လက်ဖြစ်ပွားနေသော ရုရှားကျူးကျော်မှုကို ခုခံရန် ယူကရိန်းက အရှိန်မြှင့်ပြင်ဆင်နေ သောကြောင့် ဒါတွေအားလုံးကို လာမည့်လများအတွင်း ပေးပို့မှာဖြစ်တယ်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။ 

ယူကေဟာ အမေရိကန်ပြီးရင် ယူကရိန်းကို စစ်ရေးအကူအညီ ဒုတိယအကြီးဆုံး ပံ့ပိုးပေးတဲ့ နိုင်ငံ ဖြစ်ပြီး တိုက်ခိုက်ရေးလေ့ကျင့်တဲ့ အစီအစဉ်ကို တိုက်လေယာဉ်တွေ မဟုတ်ပေမယ့် ယူကေရဲ့ အစီအစဉ်မှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Ref: The New Arab

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.