ရေးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် ထိခိုက်သွားသူကို မွန်ပြည်ဖက်ဒရယ်ကောင်စီ ငွေထောက်ပံ့

0
57

ရေး – ဇန်နဝါရီ ၃

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကြောင့် အမျိုးသမီးတစ်ဦးထိခိုက်သွားတဲ့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ကျန်းမာရေးဌာနက အလှူငွေ ၃ သိန်းထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ခြံထဲမှာ နေလှန်းထားတဲ့ ရာဘာတွေသိမ်းနေစဉ် လက်နက်ကြီး ထိမှန်ပြီး ခေါင်းကွဲဒဏ်ရာ ရရှိခဲ့တာပါ။ 

ဒီပစ်ခတ်မှုကို စစ်ကောင်စီတပ်ရဲ့ ခမရ ၅၉၁/ ၅၈၃ တို့က ပြုလုပ်ခဲ့တာဖြစ်တယ်လို့ MSFC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နောက်ဆုံးအပတ်ကလည်း သထုံမြို့ အတွင်းက စစ်ဘေးရှောင် အိမ်ထောင်စု ၈၆ စုကို ရိက္ခာကူညီထောက်ပံ့ပေးထားတယ်လို့ သိရပါ တယ်။

လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ ရေးမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေ မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကြောင့် အရပ်သားတွေ မကြာခဏထိခိုက်ဒဏ်ရာရရှိနေကြတာပါ။ 

စစ်တပ်အာဏာသိမ်းမှုကာလတွေအတွင်း မွန်ပြည်နယ်မှာ အကြမ်းဖက်သတ်ဖြတ်ခံရသူ ၇၀ နီးပါး ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.