ပလက်၀မြို့ရှိ ခမောင်း၀စခန်းကို ရက္ခိုင့်‌‌တပ်တော် AA ကသိမ်းပိုက်

0
101

ပလက်၀၊ ဇန်နဝါရီ ၃

ချင်းပြည်နယ်၊ ပလက်၀မြို့ရှိ ခမောင်း၀စခန်းကို ရက္ခိုင့်တပ်တော် AA ကအပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီ နောင်မဟာမိတ် ၃ ဖွဲ့က မနေ့က ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဇန်နဝါရီ ၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ ခမောင်း ၀စခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက် နက်ချ အညံ့မခံသေးတဲ့ စခန်းကြီး၊ ငယ်တွေနဲ့ တစ်၀က်တပျက် ကျန်ရှိနေတဲ့ စခန်းတွေကိုလည်း အခု ရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ခမောင်း၀စခန်း တိုက်ခိုက်မှုမှာ လက်နက်ခဲယမ်း၊ စစ်သုံ့ ပန်းနဲ့ နှစ်ဖက်ထိုခိုက်သေဆုံးမှု အခြေအနေကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဒါအပြင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ “တောင်ရှည်တောင် ဗျူဟာကုန်း” စခန်းကိုလည်း အလုံးစုံ သိမ်းပိုက်နိုင်ရန် ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကလည်း ဗျူဟာကုန်းစခန်း မကျဖို့အတွက် ဂျက်ဖိုက်တာ ၂ စီးဖြင့် အပြင်းအထန် ခုခံကာကွယ်နေရတဲ့အပြင် ကျောက်တော်အခြေစိုက် တပ်စခန်းတွေကလည်း အတွဲလိုက်ဒုံး အမြောက်အများအပြားဖြင့် ခုခံတိုက်ခိုက်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ပလက်၀မြို့ရှိ ခဝဲဗျူဟာကုန်းစခန်းနဲ့ ပွိုင့်-၃၇၇ ခြေကုပ်စခန်းတို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့ ၂လ ကျော်ကာလအ တွင်း ပလက်၀မြို့ရှိ ထရွန်အိုင်ဗျူ ဟာကုန်း၊ နှုံးဘူးဗျူဟာကုန်းနဲ့ ခဝဲဗျူဟာကုန်း စခန်းအပါအ၀င် တပ်စခန်းပေါင်း ၁၅၀ ထက်မနည်းကို ရက္ခိုင့်တော် AAက သိမ်းပိုက်ထားတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA Info Desk
ပုံစာအညွှန်း- ပွိုင့် ၃၇၇စစ်ဆင်ရေး အခြေကုပ်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့စဥ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.