အလုပ်သမားတွေကို ဖိနှိပ်မှုတွေရှိတဲ့ မြန်မာနိုင်ငံက H&M ထွက်ခွာတော့မယ်

0
1178

ရန်ကုန် – ဩဂုတ်(၁၉) 

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီအရောင်းလုပ်ငန်း H&M ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေကို ဖိနှိပ်မှုတွေမြင့်တက်နေတာကြောင့် မြန်မာ နိုင်ငံက ထွက်ခွာတော့မှာဖြစ်တယ်လို့ ရိုက်တာကိုပြောပါတယ်။

H&M ဟာ မြန်မာနိုင်ငံအတွင်းက Suppliers တွေနဲ့ သဘောတူညီချက်တွေကို ဖျက်သိမ်းတော့ မှာဖြစ်သလို နောက်ဆုံးပေါ် Fashion Brand ဖြစ်ပြီး အဲဒီလိုလုပ်ဆောင်ချက်ဟာ နိုင်ငံအတွင်းက အလုပ်သမားတွေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။ 

“ဂရုတစိုက် စဥ်းစားပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လုပ်ငန်းဆောင်ရွက်မှုများ ကို တဖြည်းဖြည်း ထွက်ခွာဖို့ ဆုံးဖြတ်ချက်ချလိုက်တာပါ။ ကျွန်ုပ်တို့အနေနဲ့ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ နောက်ဆုံးပေါ် ဖြစ်ပေါ်တိုးတက်မှုတွေ အကုန်လုံးအနီးကပ်ကြည့်ရှု နေပြီး ကျွန်ုပ်တို့ရဲ့ စံနှုန်းနှင့် လိုအပ်ချက်များအတိုင်း လုပ်ငန်း‌‌‌ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ ကြုံတွေ့လာရခြင်း ဖြစ်သည်” လို့ H&Mက ရိုက်တာသတင်းဌာနကို ပေးပို့တဲ့ အီးမေးလ်မှာဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအထည်ချုပ်စက်ရုံတွေမှာ အလုပ် သမားတွေ ခေါင်းပုံဖြတ်ခံထားရတာတွေရှိတယ်လို့ ဗြိတိန်အခြေစိုက် NGO အဖွဲ့ အစည်းတစ်ခု ရဲ့ စွပ်စွဲချက်(၂၀) ရှိတယ်လို့ ဖော်ပြပြီးနောက် H&M က စုံစမ်းစစ်ဆေးနေ တယ်လို့ ဆိုထားပါ တယ်။

အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မြန်မာနိုင်င့မှာ အထည်ချုပ်ကဏ္ဍဟာ အဓိကကျပြီး အဝတ် အစားတွေနဲ့ ဖိနပ်တွေ ထုတ်လုပ်တဲ့ စက်ရုံပေါင်း(၅၀၀) ကျော်မှာ အမျိုးသမီးအလုပ်သမား အများစု ဝင်ရောက်လုပ်ကိုင်နေကြတာပါ။ 

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း Myanmar Centre for Responsible Workers ရဲ့ ဒါရိုက်တာ Vicky Bowmanက H&M ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ထောင်ပေါင်းများစွာသော အမျိုးသမီးလုပ်သားတွေအတွက် ဆိုးရွားစေမယ့် အကျိုးသက် ရောက်မှုတစ်ခုဖြစ်တယ်လို့ ဆိုထားပါတယ်။  

H&M ဟာ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ IndusriALLက ဆောင်ရွက်တဲ့ “တာဝန်ယူ တာဝန် ခံမှုရှိတဲ့ လုပ်ငန်းထွက်ခွာရေးမူဘောင်” အတိုင်းလိုက်နာဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ 

တခြားသော စီးပွားရေးကဏ္ဍတွေမှာရှိတဲ့ အကြီးစားကော်ပိုရေးရှင်းတွေဟာလည်း မြန်မာနိုင်ငံ ကစွန့်ခွာပြီး အကြီးစား ရေနံကုမ္ပဏီဖြစ်တဲ့ TotalEnergies နဲ့ Chevron တို့ဟာလည်း ပြီးခဲ့တဲ့ နှစ်ဇန်နဝါရီလက ထွက်ခွာသွားပါသေးတယ်။

မြန်မာနိုင်ငံက H&M ထွက်ခွာသွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို ရိုက်တာက ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခဲ့တာတော့ မရှိပါဘူး။ 

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.