ဇင်းကျိုက်မြို့ မီးလောင်မှု နေအိမ် သုံးလုံး မီးလောင်ပျက်စီး၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရ

ဇင်းကျိုက်၊ နိုဝင်ဘာ ၉

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုအတွင်း နေအိမ် သုံးလုံး မီးလောင်ပျက်စီးခဲ့ပြီး အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မနေ့ နိုဝင်ဘာ ၉ ရက်နေ့ မနက် ၄နာရီ ၄၀ မိနစ်လောက်မှာ ဖလပ်ရပ်ကွက်ရှိ ဒေါ်သန်းညွန့် နေအိမ်မှာ ဂတ်စ်မီးဖိုးနဲ့ ဟင်းနွေးရာမှ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

မီးလောင်မှုကြောင့် နေအိမ် သုံးလုံး မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မနက် ၅ နာရီ ၁၀ မိနစ်မှာ မီးငြိမ်သက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မီးလောင်မှုကြောင့် အသက် ၅၀ ကျော်အရွယ် ဒေါ်သန်းညွန့်မှာ မီးဟပ်ခံရပြီး အပူလောင်ဒဏ်ရာရရှိခဲ့ကာ အသက် ၉၀ အရွယ် အဖိုးအိုတစ်ဦးကိုတော့ မီးလောင်မှုကနေ အချိန်မီကယ်နိုင်ခဲ့ပါတယ်။

ဇင်းကျိုက်မြို့ မီးလောင်မှုကို မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့အပါအဝင် ခရိုင်၊မြို့နယ်နဲ့နယ်မြေခံ မီးသတ်စခန်းတွေက မီးသတ်ယာဉ် ၁၁ စီးနဲ့ မီးငြိမ်းသက်ခဲ့တာ ဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.