ပါကစ္စတန်မှာ ဘာသာရေးစော်ကားမှုနဲ့ ခရစ်ယာန်နှစ်ဦး ဖမ်းဆီးခံရ

0
1126

ကရာချီ – ဩဂုတ်(၁၉) 

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ ခရစ်ယာန်ဘာသာဝင်နှစ်ဦးက ကိုရမ်ကျမ်းစာကို ပုတ်ခတ်စော် ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မွတ်စလင်လူအုပ်ကြီးက ဘုရားကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ဘာသာရေးစော်ကားတယ်ဆိုသူနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဒေါသထွက်နေတဲ့လူအုပ်ကြီးဟာ ခရစ်ယာန်ဘုရားကျောင်း (၄)ကျောင်းကို ဖျက်ဆီးခဲ့ကာ နေအိမ် အများအပြားကို မီးရှို့ခဲ့တဲ့အတွက် နိုင်ငံအရှေ့ပိုင်းက နေရာတွေကို ပါကစ္စတန်အရံ တပ်ဖွဲ့ဝင်တွေ စောင့်ကြပ်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရစ်ယာန်သင်္ချိုင်းတစ်ခုကိုလည်း ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ရပ်ရွာခေါင်း ဆောင်တွေက ဆိုထားတာပါ။ 

ပါကစ္စတန်မှာ ပုတ်ခတ်စော်ကားမှုဟာ သေဒဏ်အပြစ်ပေခံရမှာဖြစ်တယ်လို့ ပြဌာန်းထားပြီး တစ်ဦးတစ်ယောက်မှ လက်ရှိအချိန်ထိကွပ်မျက်ထားတာမရှိသေးပေမယ့် ဒေါသထွက်နေတဲ့ လူအုပ်ကြီးရဲ့ ရိုက်နှက်တာကိုတော့ ခံရနိုင်တယ်လို့ သိရပါတယ်။

အိမ်စောင့်ဝန်ကြီးချုပ် အန်ဝါအယ်ဟတ်ကက္ကာက ခံစားခဲ့ရတဲ့ ခရစ်ယာန်လူနည်းစုတွေရဲ့ ဆုံးရှုံး မှုကုန်ကျစရိတ်အားလုံးကို အကာအကွယ်ပေးရမှာဖြစ်တယ်လို့ ဆိုထားသလို အကြမ်းဖက်မှုမှာ ပါဝင်သူတွေကိုလည်း အရေးယူမှာဖြစ်တယ်လို့ ဩဂုတ်လ(၁၈) ရက်နေ့မှာ ကတိပြုပြောဆိုထား ပါတယ်။ 

“မျက်နှာသာပေးစရာ မရှိသလို ကြောက်စရာလည်း မရှိတော့ပါဘူး” ရဲ့ ဝန်ကြီးချုပ်ပထမဆုံး ဝန်ကြီးအဖွဲ့ အစည်းအဝေး တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပြောခဲ့ပါတယ်။

လက်ရှိအချိန်ထိ ဂျာရန်ဝါရာအစုမှာဖြစ်ပွားခဲ့တဲ့ ခရစ်ယာန်တွေကို တိုက်ခိုက်မှုမှာ ပါဝင်ခဲ့သူ (၁၂၈) ဦးကို ဖမ်းဆီးရမိထားတယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

ကျေးရွာခေါင်းဆောင်တွေနဲ့ ဒေသခံတွေရဲ့ပြောဆိုချက်အရ အခင်းဖြစ်ပွားချိန်မှာ ရဲတပ်ဖွဲ့ဟာ ဝင်ရောက်ထိန်းသိမ်းခဲ့တာမရှိတဲ့အတွက် (၁၀)နာရီကျော်ကြာ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုထား ပြီး ရဲတပ်ဖွဲ့ကတော့ ငြင်းဆိုထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပိုမိုဆိုးရွားတဲ့ အခြေအနေကို တားဆီးခဲ့တာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

ပဋိပက္ခဖြစ်စဉ်အတွင်း ထောင်ပေါင်းများစွာသော မွတ်စလင်တွေဟာ သံချောင်း၊တုတ်၊ဓားနဲ့ ဓားတိုတွေကိုင်ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောခဲ့ပြီး ရာနဲ့ချီတဲ့ ခရစ်ယာန်ဘာသာဝင် တွေဟာ သူတို့အခြေချနေထိုင်တဲ့ နေရာတွေကနေ ထွက်ပြေးခဲ့ရကာ အနီးဝန်းကျင်က ခရိုင်တစ် ခုမှာ ခိုလှုံခဲ့ကြရတယ်လို့ သိရပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူတွေဟာ လက်ရှိအချိန်မှာ သူတို့ရဲ့ နေအိမ်တွေကို ပြန်လာနေကြပြီ လို့ ရပ်ရွာခေါင်းဆောင်တစ်ဦးက ရိုက်တာကိုအတည်ပြုထားပြီး လူ့အခွင့်အရေးအဖွဲ့တွေနဲ့ အမေရိကန် နိုင်ငံကတာဝန်ရှိသူတွေကတော့ လူနည်းစုတွေကို အကာအကွယ်ပေးဖို့ အာဏာပိုင် တွေကို တောင်းဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.