ပစိဖိတ်ကျွန်းရဲ့ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုဟာ ကမ္ဘာ့မျှခြေထက်ပိုမိုမြန်လာနေပြီလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ သတိပေး

0
1094

ဆစ်ဒနီ၊ သြဂုတ်(၁၉) 

အနောက်တောင်ပစိဖိတ်ဒေသရှိ ပင်လယ်ရေမျက်နှာပြင်ရေချိန်ဟာ ကမ္ဘာ့ပျမ်းမျှနှုန်းထက် မြင့်တက်လာနေပြီး အပူရှိန်ကြောင့် ပင်လယ်ဂေဟစနစ်ကို ပျက်စီးစေကာ မြေနိမ့်ကျွန်းတွေဟာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေ ရပြီဖြစ်ကြောင်း ကုလသမဂ္ဂ မိုးလေဝသအေဂျင်စီက ဩဂုတ်လ (၁၈) ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ပစိဖိတ်ဒေသရှိ ရာသီဥတုအခြေအနေနဲ့ ပတ်သက်ပြီး ၂၀၂၂ ခုနှစ် အစီရင်ခံစာမှာ အချို့သော ဒေသတွေမှာ တစ်နှစ်လျှင် ရေပမာဏ(၄) မီလီမီတာခန့် မြင့်တက်လာပြီး ကမ္ဘာ့ပျမ်းမျှနှုန်းထက် အနည်းငယ် မြင့်တက် လာတာလို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ဆိုခဲ့ပါတယ်။ 

အချိန်ကြာလာတာနဲ့အမျှ ဆော်လမွန်နဲ့ အနီးရှိကျွန်းတွေလို မြေနိမ့်ပိုင်းနေရာတွေ ရေလွှမ်းမိုး နိုင်ပြီး လယ်ယာ နှင့် နေထိုင်နေတဲ့မြေတွေကို ပျက်စီးစေနိုင်မှာဖြစ်ပြီး အဲဒီဒေသက မြို့သူမြို့ သားတွေအနေနဲ့လည်း ပိုမိုမြင့် မားတဲ့ အမြင့်ပိုင်းသို့ ရွှေ့ပြောင်းနိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် အစီရင်ခံစာထဲမှာ ဩစတေးလျရဲ့ အရှေ့မြောက်ဘက်နဲ့ ပါပူဝါနယူးဂီနီရဲ့ တောင်ဘက် မှာ ပင်လယ် ရေအပူလှိုင်းတွေ ခြောက်လကျော်ကြာ ဖြစ်ပွားခဲ့ပြီး ရေနေသတ္တဝါတွေနဲ့ ဒေသခံ ပြည်သူတွေရဲ့ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်ခဲ့ကြောင်း ဖော်ပြထားပါသေး တယ်။ 

အယ်လ်နီညိုရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ဟာ အခုနှစ်အတွင်း ပြန်လည်ရောက်ရှိတာကြောင့် အရှေ့ဘက်နဲ့ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းရှိ ရေမျက်နှာပြင် ပူနွေးလာမှုကလည်း ဒေသတွင်းကို ပြင်းထန်စွာ ထိခိုက်စေနိုင် ကြောင်း WMO အထွေထွေအတွင်းရေးမှူးက ပြောခဲ့ပါတယ်။ 

“အပူချိန်မြင့်မားမှု၊ အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီဥတုပုံစံတွေ၊ ပူနွေးတဲ့ပင်လယ်ရေလှိုင်းတွေနဲ့ သန္တာကျောက်တွေ အရောင်ပြောင်းလဲမှုက မကြာခဏဆက်စပ်နေတာကြောင့် ဒါဟာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိလိမ့်မယ်” လို့ သူကဆိုပါတယ်။ 

အဲဒီဒေသဟာ အရင်နှစ်က ရေကြီးမှုနဲ့ မုန်တိုင်းတွေအပါအဝင် သဘာဝဘေး အန္တရာယ် (၃၅) ကြိမ်ကို ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း (၇၀၀) ကျော် သေဆုံးခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြထားပြီး ဒီအန္တရာယ်တွေဟာ လူပေါင်း (၈) သန်းကျော်ကို တိုက်ရိုက်ထိခိုက်စေတယ်လို့ ဆိုထားတာပါ။ 

၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ပါက ဒေသတွင်း သဘာဝဘေးရာသီဥတုဖြစ်စဉ် အရေအတွက် လျော့ကျသွားခဲ့ ပေမယ့် ရေကြီးမှုနဲ့ ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် စီးပွားရေးဆိုင်ရာ ဆုံးရှုံးမှု အတိုင်းအတာ တိုးလာ တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ 

သြစတြေးလျနဲ့ ဖိလစ်ပိုင်နိုင်ငံတို့အပါအဝင် ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုပမာဏဟာ အမေရိကန်ဒေါ်လာ (၈.၅) ဘီလီယံတန်ဖိုးရှိပြီး ယခင်နှစ်ကထက် သုံးဆနီးပါးရှိခဲ့တာဖြစ်တယ် လို့ ဆိုထားပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.