အာဖဂ္ဂန်နစ္စတန်မှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ခွင့်ပြန်လည်ရရှိတော့မယ်

0
3748

ကဘူးလ် – ဇွန်(၇) 

အာဖဂန်နစ္စတန်မှာ အမျိုးသမီးဝ်နထမ်းတွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ပြုပြီးနောက် တာလီဘန်အမြင့်ဆုံးခေါင်းဆောင်နေထိုင်တဲ့ တောင်ပိုင်ခရိုင်ဒေသန္တရဖြစ်တဲ့ ကန်ဒန်ဟာမှာ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီတွေဟာ သူတို့ရဲ့လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီဖြစ် ပါတယ်။ 

ဒီဆောင်ရွက်ချက်ဟာ လွန်ခဲ့တဲ့လအတွင်း ကန်ဒါဟာရှိ အဓိက တာလီဘန်ခေါင်းဆောင်တွေက NRC ရဲ့ အမျိုးသမီးဝန်ထမ်းတွေအတွက် ကြားကာလသဘောတူညီချက်တစ်ရပ်ကို သဘောတူ ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်တယ်လို့ NRC အထွေထွေအတွင်းရေးမှူး အေဂီလန်က ဆိုထား ပါတယ်။ 

“ကန်ဒါဟာမှာရော အာဖကန်နစ္စတန်ရဲ့ အခြားသောဒေသတွေမှာပါ ကျွန်ုပ်တို့ရဲ့ လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းအများစုကို ပုံမှန်အတိုင်းပြန်လည်ဆောင်ရွက်ခွင့်ရခဲ့ပါပြီး”လို့ အေဂီလန်က သူ့ရဲ့ တွစ်တာမှာ ရေးသားထားပါတယ်။ 

အမေရိကန်တပ်ဖွဲ့တွေ ပြန်လည်ထွက်ခွာပြီးနောက် တာလီဘန်တွေ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ နိုင်ငံ့အာဏာကိုသိမ်းယူပြီးနောက် အမျိုးသမီးတွေကို UN အဖွဲ့အစည်း တွေနဲ့ တခြားအကူအညီပေးရေး အဖွဲ့တွေမှာလည်း အလုပ်လုပ်ကိုင်ခွင့်တာမြစ်ထားတာပါ။ 

လက်ရှိမှာတော့ အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသမီးတွေဆီကို ပညာရေး၊ ကျန်းမာရေး အဓိက ပါဝင်တဲ့ အကူအညီတွေ ဖြန့်ဝေဖို့ ကြိုးစားနေပြီး တာလီဘန်တွေဘက်ကလည်း အမျိုးသမီး တွေအလုပ်လုပ်ကိုင်ဖို့ လမ်းညွှန်ချက်တွေကို ရေဆွဲဖို့ ခွင့်ပြုမှာဖြစ်တယ်လို့ ဇန်နဝါရီလတည်းက ကတိပြုထားတာဖြစ်ပါတယ်။ 

ဒါပေမယ့် လမ်းညွှန်ချက်တွေ ရေးဆွဲဖို့ အချိန်ကြာမြင့်နိုင်တဲ့အတွက် ကြားကာလ သဘောတူ ညီချက်နဲ့ အာဖဂန်အမျိုးသမီးတွေကို ရုံးတွေနဲ့ ကွင်းဆင်းလုပ်ငန်းမှာ ပြန်လည် အလုပ်လုပ် ကိုင်ခွင့်ပေးဖို့ တာလီဘန်ခေါင်းဆောင်တွေကို တောင်းဆိုခဲ့တာဖြစ်တယ်လို့ NRC အထွေထွေ အတွင်းရေးမှူး အေဂီလန်က ပြောခဲ့ပါတယ်။ 

တာလီဘန်တွေရဲ့ ဒီဖြစ်စဉ်မတိုင်ခင်ပြောဆိုချက်အရ သူတို့ဟာ အမျိုးသမီးတွေရဲ့ အခွင့် အရေးကို အစ္စလာမ်ဥပဒေရဲ့ ကန့်သတ်ချက်တွေနဲ့အညီ လေးစားလိုက်နာတယ်လို့ဆိုကာ အမျိုးသမီးတွေကို အများပြည်သူဆိုင်ရာ လူနေမှုဘဝတွေဖြစ်တဲ့ ကျောင်းနဲ့ တက္ကသိုလ် တက်ရောက်ခွင့်တွေပိတ်ပင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

အခုလို အမျိုးသမီးတွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့တာနဲ့ ပတ်သက်ပြီး တာလီဘန်အုပ်ချုပ်ရေးအဖွဲ့ကို မှတ်ချက်တောင်းခံခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာတော့မရှိခဲ့ဘူး လို့ မူရင်းသတင်းမှာဖော်ပြထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.