Danger Force LPDF တပ်ဖွဲ့ တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်

0
2023

စစ်ကိုင်း – ဇွန်(၆)

စစ်ကိုင်းတိုင်း တစ်နေရာမှာ Danger Force LPDF တပ်ဖွဲ့တည်ထောင်ခြင်း(၁) နှစ်ပြည့် အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး တော်လှန်ရေးလုပ်ငန်းတွေကို Knight of The Red Land (KORL) ပျောက်ကြားတပ်ဖွဲ့အမည်နဲ့ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇွန်လ (၆) ရက်နေ့မှာတော့ Danger Force LPDF အမည်ပြောင်းလဲပြီး စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြ တာပါ။

Danger Force LPDF အဖြစ်ရပ်တည်ပြီး တော်လှန်ရေးလုပ်ငန်းတွေလုပ်ကိုင်နေတာဟာ ပြည်သူ တွေရဲ့ အလှူငွေတွေနဲ့ ပံ့ပိုးကူညီမှုတွေကြောင့် ဖြစ်တဲ့အတွက် ပြည်သူတွေကို အထူးကျေးဇူးတင် တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တပ်ဖွဲ့တည်ထောင်ခြင်း(၁) နှစ်ပြည့်ကစပြီး တော်လှန်ရေးလုပ်ငန်းတွေကို ပိုမိုအရှိန် အဟုန်မြင့်စွာ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Danger Force LPDF တပ်ဖွဲ့ကထုတ်ပြန်ထားပါ တယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Danger Force LPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.