2026

တပ်ချုပ်ကို ဩဇာလွှမ်းမိုးနိုင်မယ့်ရာထူး အာဏာသိမ်းသမ္မတ ဖန်တီး

နေပြည်တော် ၊ ဧပြီ ၂၄ နိုင်ငံတော်အကြီးအကဲရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတနေရာကို အာဏာသိမ်းမှုကနေ အရင်းခံပြီး ရယူထားတဲ့ ဦးမင်းအောင်လှိုင်က သူစိတ်ကြိုက်ရွေးချယ်ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဩဇာလွှမ်းဖို့ လုပ်လာပြန်ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ သမ္မတနဲ့ သမ္မတရုံးတို့ကို အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဘက်ပေါင်းစုံကနေ လေ့လာသုံးသပ်အကြုံပြုနိုင်ဖို့ သမ္မတရုံးဝန်ကြီး ဦးတင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်‌ပေးလိုက်တယ်လို့ ဧပြီ ၂၂ ရက်နေ့က…

မွန်မှာ အပူဒဏ်ကြောင့် မွေးမြူရေးတိရစ္ဆာန်တွေ သေဆုံးမှု ရှိလာ

မော်လမြိုင် ၊ ဧပြီ ၂၄ မွန်ပြည်နယ်မှာ အခုလအတွင်း အပူချိန် မြင့်မားနေမှုကြောင့် မွေးမြူရေးလုပ်ငန်းတွေအတွင်း မွေးမြူထားတဲ့ တိရစ္ဆာန်တွေ သေဆုံးမှုတွေ ရှိလာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေး လုပ်ငန်းတွေက တိရစ္ဆာန်တွေ ဖြစ်တဲ့ ကြက်၊ ဝက်နဲ့ ဘဲတွေဟာ အပူချိန် ပြင်းထန်မှုကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး သေးဆုံးတာ ရှိသလို တချို့…

မော်လမြိုင်အခြေစိုက် ရတခတိုင်းမှူး အပြောင်းအလဲလုပ်

မော်လမြိုင်၊ ဧပြီ ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး ခန့်အပ်ခံရတယ်လို့ စစ်တပ်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။ အရင် ရတခတိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ဟာ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာ ထူးတိုးမြှင့်ခံရတာကြောင့် ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးကို ရတခတိုင်းမှူးအဖြစ် ခန့်အပ်ခဲ့တာပါ။ ရတခတိုင်းမှူးအဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးဟာ အရင်က…

ထိုင်းအစိုးရက ဗီဇာ မလိုဘဲ နေထိုင်ခွင့်ပြုတဲ့ အစီအစဉ် အဆုံးသတ်ဖို့ စီစဉ်

ဘန်ကောက်၊ ဧပြီ ၂၃ ကမ္ဘာလှည့် ခရီးသွားကဏ္ဍ ရေရှည် ဖွံ့ဖြိုးရေး အထောက်အကူ ဖြစ်စေဖို့နဲ့ စစ်ဆေးမှု တိုးတက်လာစေဖို့ ရက်ပေါင်း ၆၀ ဗီဇာ မလိုတဲ့ အစီအစဉ်ကို အဆုံးသတ်ဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း ကမ္ဘာလှည့် ခရီးသွားလာမှုနဲ့ အားကစားဝန်ကြီး ဆူရာဆက် ဖန်ချာရိုအန်ဝူရာကူလ်က ပြောပါတယ်။ ဧပြီ ၂၂ ရက်က ဖူးခက်မြို့မှာ ကျင်းပတဲ့…

အီရန် စစ်ပွဲ အဆုံးသတ်ရေး အချိန်သတ်မှတ်ထားတာ မရှိဘူးလို့ ထရန့် ပြော

ဝါရှင်တန်၊ ဧပြီ ၂၃ အီရန် စစ်ပွဲ အဆုံးသတ်ရေး အချိန်နဲ့ ပတ်သက်လို့ ဖိအား မရှိဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်ပါတယ်။ ဒီအတောအတွင်း သက်တမ်းတိုးထားတဲ့ အပစ်အခတ်ရပ်စဲမှုအတွက် သမ္မတ ဒေါ်နယ်ထရန့်က နောက်ဆုံး သတ်မှတ်ရက် အသစ် သတ်မှတ်ထားတာ မရှိဘူးလို့ အိမ်ဖြူတော်က ဆိုပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို အမေရိကန်နဲ့ အစ္စရေးတို့က ပြောင်ပြောင်တင်းတင်း…

မုန်းမြို့နယ်မှာ စစ်တပ်လက်နက်ကြီးကျလို့ အရပ်သား တစ်ဦး ဒဏ်ရာရ

မုန်း၊ ဧပြီ ၂၃ ပဲခူးတိုင်း မုန်းမြို့နယ် ပျဉ်းမပင်ကျေးရွာမှာ စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့က မုန်းအခြေစိုက် အမှတ် ၃၀၇ ခြေမြန်တပ်ရင်းကနေ လက်နက်ကြီး ၁၂၀ မမ တစ်လုံး ပစ်ခတ်ရာမှ…

ထားဝယ်မှာ KTLA ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ကလေး တစ်ဦးနဲ့ KNLA တပ်ဖွဲ့ဝင် လေးဦး သေဆုံး

ထားဝယ်၊ ဧပြီ ၂၃ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဟင်းကပိကျေးရွာမှာ ကော်သူးလေအာမီအဖွဲ့KTLA ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ KNLA တပ်ဖွဲ့ဝင် လေးဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ဧပြီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်က ဟင်းကပိကျေးရွာမှာ လုံခြုံရေးယူနေတဲ့…

အမေရိကန် ရေတပ် ဝန်ကြီး နုတ်ထွက်

ဝါရှင်တန်၊ ဧပြီ ၂၃ အမေရိကန် ရေတပ်ဝန်ကြီး ဂျွန် ဖီလန် ထရန့်အစိုးရ အဖွဲ့ကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်က ဧပြီ ၂၂ မှာ ကြေညာပါတယ်။ သူ့ရဲ့ ရာထူးကနေ နုတ်ထွက်မှု ချက်ချင်း အသက်ဝင်လာမှာ ဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ရှောင် ပါနဲလ်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။…

‎ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းတဲ့အရာတွေ လုပ်ပေးဖို့ စဉ်းစားထားတယ်လို့ အာဏာသိမ်း သမ္မတ ပြော

‎ဘန်ကောက်၊ ဧပြီ ၂၃‎‎ဖမ်းဆီးထားတဲ့ ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းတဲ့အရာတွေ လုပ်ပေးဖို့ စဉ်းစားထားတယ်လို့ မင်းအောင်လှိုင်က ပြောကြားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။‎‎အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံက သူတို့ကျင်းပတဲ့ အစည်းအဝေးတွေကနေ စစ်ခေါင်းဆောင်တွေကို ၅ နှစ်ကြာ တားမြစ်ထားခဲ့ပြီးနောက် အရပ်ဝတ် စစ်ခေါင်းဆောင်က အာဆီယံနဲ့ ပြန်လည် စေ့စပ်ခွင့်ရရေး ကြိုးပမ်းနေချိန်မှာ အခုလိုမျိုး ပြောဆိုလာတာပါ။‎‎အာဏာသိမ်းပြီးကတည်းက…

စစ်အာဏာသိမ်း (၁၉၀၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၈၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ၂၃ AAPP ရဲ့ ဧပြီ၂၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၀၆) ရက်အတွင်း ပြည်သူ (၇၉၈၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၈၉၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၂၁)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…