ဘန်ကောက်၊ ဧပြီ ၂၃

ကမ္ဘာလှည့် ခရီးသွားကဏ္ဍ ရေရှည် ဖွံ့ဖြိုးရေး အထောက်အကူ ဖြစ်စေဖို့နဲ့ စစ်ဆေးမှု တိုးတက်လာစေဖို့ ရက်ပေါင်း ၆၀ ဗီဇာ မလိုတဲ့ အစီအစဉ်ကို အဆုံးသတ်ဖို့ ထိုင်းအစိုးရက စီစဉ်နေကြောင်း ကမ္ဘာလှည့် ခရီးသွားလာမှုနဲ့ အားကစားဝန်ကြီး ဆူရာဆက် ဖန်ချာရိုအန်ဝူရာကူလ်က ပြောပါတယ်။

ဧပြီ ၂၂ ရက်က ဖူးခက်မြို့မှာ ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားညီလာခံမှာ ဆူရာဆက်က ထိုင်းနိုင်ငံကို ရေရှည်နေနိုင်တဲ့ အရည်အသွေးမြင့် ခရီးသွားနေရာ တစ်ခု ဖြစ်လာစေရေး အားပေး ဆောင်ရွက်နေတဲ့ အစိုးရရဲ့ မူဝါဒကို အခု အခမ်းအနားက အထောက်အကူ ပြုကြောင်း ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေး၊ စီးပွားရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စိုးရိမ်မှုတွေလည်း ပါဝင်တဲ့ ရေရှည် တည်တံ့တဲ့ ကမ္ဘာလှည့်ခရီးသွား ကဏ္ဍဆိုတာ အရည်အသွေးမြင့် ကမ္ဘာလှည့် ခရီးသည်တွေကို အာရုံစိုက်ရမှာ ဖြစ်တယ်လို့ ဆူရာဆက်က ပြောပါတယ်။

အဲဒီကဏ္ဍကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ ဒေသခံ လူထု အကျိုး အမြတ်တွေ ရရှိဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။

ဝင်ရောက်လာတဲ့ ဧည့်သည်တွေကို ပိုမို တင်းကြပ်စွာ စစ်ဆေးတာ အပါအဝင် အဲဒီလို ခရီးသွားကဏ္ဍ ဖြစ်လာဖို့ အထောက်အကူ ဖြစ်စေမယ့် ထပ်တိုး အစီအစဉ်တွေ မိတ်ဆက်ဖို့ ထိုင်းအစိုးရက စီစဉ်နေပါတယ်။

ဖူးခက်မှာ ကျင်းပတဲ့ ၂၀၂၆ ကမ္ဘာလှည့် ခရီးသွားညီလာခံသို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် တက်ရောက်သူ အများအပြားရှိခဲ့ပြီး အိုမန် ကမ္ဘာလှည့် ခရီးသွားဝန်ကြီးလည်း တက်ရောက်ခဲ့တယ်လို့ ဆူရာဆက်က ပြောပါတယ်။

ဧပြီ ၂၁ ရက်ကနေ ၂၄ ရက်အထိ ကျင်းပတဲ့ အဲဒီ အခမ်းအနားမှာ နိုင်ငံပေါင်း ၃၀ နဲ့ ၅၀ က တက်ရောက်သူ ၇၀၀ ကျော်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ကိုယ်စားလှယ်တော်တွေထဲမှာ မူဝါဒချမှတ်သူတွေ၊ ခရီးသွားကဏ္ဍ အရာရှိချုပ်တွေ၊ လူမှု အဖွဲ့အစည်းတွေ၊ ရေရှည်တည်တံ့ရေး ကျွမ်းကျင်သူတွေ ပါဝင်ကြောင်း သိရပါတယ်။

ရက်ပေါင်း ၆၀ ကြာ ဗီဇာမလိုဘဲ နေထိုင်ခွင့်ပြုတဲ့ အစီအစဉ်ကို စမ်းသပ် အသုံးပြုခဲ့ပြီးနောက် ဗီဇာ မူဝါဒတွေကို နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လုံခြုံရေး အေဂျင်စီတို့က ပြန်လည် သုံးသပ်နေတယ်လို့ ဆီဟာဆက်က ပြောပါတယ်။

ကနဦး အဆိုပြုထားတာက နိုင်ငံအားလုံးက လာရောက်မယ့် ခရီးသည်တွေအတွက် ဗီဇာ မလိုဘဲ နေထိုင်ခွင့်ပြုတဲ့ အစီအစဉ် အဆုံးသတ်ပြီး မူလ ဗီဇာ စနစ်အတိုင်း ခွင့်ပြုဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

တစ်နိုင်ငံချင်းစီအလိုက် ဗီဇာ အဆင့်သတ်မှတ်ချက်တွေ လုပ်ဆောင်ဖို့လည်း စဉ်းစားနေကြောင်း ဆီဟာဆက်က ပြောဆိုထားပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.