မော်လမြိုင်၊ ဧပြီ ၂၄
မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး ခန့်အပ်ခံရတယ်လို့ စစ်တပ်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။
အရင် ရတခတိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ဟာ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာ ထူးတိုးမြှင့်ခံရတာကြောင့် ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးကို ရတခတိုင်းမှူးအဖြစ် ခန့်အပ်ခဲ့တာပါ။
ရတခတိုင်းမှူးအဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးဟာ အရင်က တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သံလွင်တိုင်းမ်ရဲ့ ရတခ သတင်းရင်းမြစ် ပြောပြချက်အရ တိုင်းမှူးအသစ် ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးဟာ ဧပြီ ၂၃ ရက်နေ့မှာ တိုင်းထဲ ရောက်ရှိလာပြီလို့ သိရပါတယ်။
ရတခတိုင်းမှူးဖြစ်လာတဲ့ ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးဟာ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ရဲ့ ကာ ကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေကို အဓိကတာဝန်ယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ရတခတိုင်းမှူး အပြောင်းအလဲကြောင့် မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်း ထန်လာနိုင်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ရတခ တိုင်းမှူး အပြောင်းအလဲ ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ အာဏာသိမ်းသမ္မတ ဦးမင်းအောင် လှိုင် ကိုယ်တိုင်စီစဉ်ခဲ့တာဖြစ်တယ်လို့ CDM အသိုင်းအဝိုင်းက ပြောဆိုကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

