April 24, 2026

စစ်အာဏာသိမ်း (၁၉၀၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ၂၄ AAPP ရဲ့ ဧပြီ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၀၈) ရက်အတွင်း ပြည်သူ (၇၉၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၈၉၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၃၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

တပ်ချုပ်ကို ဩဇာလွှမ်းမိုးနိုင်မယ့်ရာထူး အာဏာသိမ်းသမ္မတ ဖန်တီး

နေပြည်တော် ၊ ဧပြီ ၂၄ နိုင်ငံတော်အကြီးအကဲရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတနေရာကို အာဏာသိမ်းမှုကနေ အရင်းခံပြီး ရယူထားတဲ့ ဦးမင်းအောင်လှိုင်က သူစိတ်ကြိုက်ရွေးချယ်ထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ဩဇာလွှမ်းဖို့ လုပ်လာပြန်ပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ သမ္မတနဲ့ သမ္မတရုံးတို့ကို အမျိုးသားလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ဘက်ပေါင်းစုံကနေ လေ့လာသုံးသပ်အကြုံပြုနိုင်ဖို့ သမ္မတရုံးဝန်ကြီး ဦးတင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်‌ပေးလိုက်တယ်လို့ ဧပြီ ၂၂ ရက်နေ့က…

မွန်မှာ အပူဒဏ်ကြောင့် မွေးမြူရေးတိရစ္ဆာန်တွေ သေဆုံးမှု ရှိလာ

မော်လမြိုင် ၊ ဧပြီ ၂၄ မွန်ပြည်နယ်မှာ အခုလအတွင်း အပူချိန် မြင့်မားနေမှုကြောင့် မွေးမြူရေးလုပ်ငန်းတွေအတွင်း မွေးမြူထားတဲ့ တိရစ္ဆာန်တွေ သေဆုံးမှုတွေ ရှိလာတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မွေးမြူရေး လုပ်ငန်းတွေက တိရစ္ဆာန်တွေ ဖြစ်တဲ့ ကြက်၊ ဝက်နဲ့ ဘဲတွေဟာ အပူချိန် ပြင်းထန်မှုကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး သေးဆုံးတာ ရှိသလို တချို့…

မော်လမြိုင်အခြေစိုက် ရတခတိုင်းမှူး အပြောင်းအလဲလုပ်

မော်လမြိုင်၊ ဧပြီ ၂၄ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရတခတိုင်းမှူးအဖြစ် ဗိုလ်မှူးချုပ် သူရဇော်လွင်စိုး ခန့်အပ်ခံရတယ်လို့ စစ်တပ်အသိုင်းအဝိုင်းထံကနေ သိရပါတယ်။ အရင် ရတခတိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်ဟာ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ရာ ထူးတိုးမြှင့်ခံရတာကြောင့် ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးကို ရတခတိုင်းမှူးအဖြစ် ခန့်အပ်ခဲ့တာပါ။ ရတခတိုင်းမှူးအဖြစ် ခန့်အပ်ခံရတဲ့ ဗိုလ်မှူးချုပ် သူရ ဇော်လွင်စိုးဟာ အရင်က…