2026

စစ်အာဏာသိမ်း (၁၉၀၉)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၈၈) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ၂၅ AAPP ရဲ့ ဧပြီ၂၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၀၉) ရက်အတွင်း ပြည်သူ (၇၉၈၈) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၉၀၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၅၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

တနင်္သာရီမှာ စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၁၀ ရွာ စစ်ရှောင်နေရ

တနင်္သာရီ၊ ဧပြီ ၂၅ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၁၀ ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ အင်အား ၂၀၀ ဝန်းကျင်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၁ ရက်နေ့ကစလို့ ဗောဓိကမ်း-ညောင်ပင်ကွင်းကျေးရွာ လမ်းပိုင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် အဲဒီလမ်းပိုင်းရှိ ကျေးရွာတွေက ဒေသခံတွေ…

စစ်အုပ်ချူပ်ရေး ကြေညာထားတဲ့ မြို့နယ်တွေမှာ လေကြောင်းဗုံးကြဲမှု ပိုတိုးလာနိုင်

ကော့ကရိတ်၊ ဧပြီ ၂၅ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ထပ်မံကြေညာခံရတဲ့ မြို့နယ်တွေမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပိုများလာနိုင်တယ်လို့ စစ်ရေးလေ့လာသုံးသပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်တယ်လို့ ဧပြီ ၂၃ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုးပြီး…

ဘီးလင်းမှာ စစ်တပ်ဗုံးကြဲလို့ နေအိမ်ဆယ်ချီ ထပ်မံပျက်စီး

ဘီးလင်း၊ ဧပြီ ၂၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျောက်ဖျာကျေးရွာနဲ့ဝင်းတာပန်ကျေးရွာတို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ဆယ်ချီ ထပ်မံပျက်စီးဆုံးရှုံးခဲ့တယ်လို့ KNU သထုံခရိုင်ထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့က အဲဒီကျေးရွာ နှစ်ခုကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၃၅ လုံး ကြဲချသွားတာပါ။ လေကြောင်းဗုံးကြဲမှုကြောင့်…

မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာအကြောင်း သတင်းပေးနိုင်သူကို ဒေါ်လာ ၁၀သန်း ပေးမယ်လို့ အမေရိကန် ဆုငွေထုတ်

ဝါရှင်တန် ဧပြီ ၂၄ မြန်မာနိုင်ငံရှိ တိုင်ချန်း ကျားဖြန့် စင်တာ လုပ်ကိုင်နေတဲ့ ငွေကြေး ခဝါချမှုအတွင်း ပါဝင်တဲ့ ဘဏ္ဍာငွေတွေကို သိမ်းဆည်းရေးနဲ့ပြန်လည် ရယူရေး သတင်းပေးနိုင်သူကို ဆုတော်ငွေ ဒေါ်လာ ၁၀ သန်း ပေးမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံတကာ မူးယစ်ဆေးနဲ့ ဥပဒေ စည်းကြပ်ရေး ဌာနက ဧပြီ ၂၃ ရက်မှာ…

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းသားတွေ လွှတ်ပေးဖို့ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင် တောင်းဆို

မနီလာ၊ ဧပြီ ၂၄ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးဖို့ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်က ဧပြီ ၂၄ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ သမ္မတ ဦးဝင်မြင့် အပါအဝင် မကြာသေးခင်က အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတာဟာ အားလုံးပါဝင်တဲ့ အမျိုးသား ဆွေးနွေးပွဲ ဖြစ်လာစေမယ့် အပြုသဘောဆောင်တဲ့ ခြေလှမ်း ဖြစ်တယ်လို့လည်း ဖိလစ်ပိုင်ရဲ့…

မြို့နယ်ပေါင်း ၆၀ ကို စစ်အုပ်ချုပ်ရေး ထပ်ကြေညာ

နေပြည်တော်၊ ဧပြီ ၂၄ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၆၀ ကို အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာလိုက်တယ်လို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ဧပြီ ၂၃ ရက်နေ့ ရက်စွဲနဲ့ လက်မှတ်ထိုးပြီး ထုတ်ပြန်ပါတယ်။ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ မြို့နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်ဦးထံ အာဏာသိမ်း သမ္မတ…

Facebook မိခင်ကုမ္ပဏီ Meta က လုပ်သားအင်အား ၁၀ ရာခိုင်နှုန်း လျှော့ချဖို့ စီစဉ်

နယူးယောက်၊ ဧပြီ ၂၄ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta က ဉာဏ်ရည်တု နည်းပညာ AI အတွက် ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး ပြုလုပ်နေချိန် လုပ်သားအင်အား ဆယ်ပုံ တစ်ပုံကို လျှော့ချပြီး သူတို့ရဲ့ လက်ကျန် လုပ်သား အင်အားဆီက ထုတ်လုပ်မှု အားပိုကောင်းလာစေဖို့ မျှော်လင့်ထားပါတယ်။ Meta က လာမယ့်လမှာ အလုပ်သမား…

အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲမှု သီတင်းသုံးပတ် သက်တမ်းတိုးလိုက်ပြီလို့ ထရန့် ပြော

ဝါရှင်တန်၊ ဧပြီ ၂၄ အိမ်ဖြူတော်မှာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲမှု သီတင်းသုံးပတ် သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ ဒါပေမဲ့ ရေရှည် ငြိမ်းချမ်းရေး သဘောတူညီမှုဟာ အလှမ်းကျယ်ဝန်းပြီး ဟစ်ဇဘိုလာအဖွဲ့ငကို လက်နက် ဖြုတ်သိမ်းရေး ဝါရှင်တန်ဆီက အကူအညီတွေ အများကြီး ပိုလိုအပ်မှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ…

စစ်အာဏာသိမ်း (၁၉၀၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၉၈၅) ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ၂၄ AAPP ရဲ့ ဧပြီ၂၃ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၀၈) ရက်အတွင်း ပြည်သူ (၇၉၈၅) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၈၉၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၈၃၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…