မွန်မှာ PDF ၁၇ ဦး အလင်းဝင်လာတယ်လို့ စစ်တပ် ဝါဒဖြန့်
မော်လမြိုင်၊ စက်တင်ဘာ ၅ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့ဝင် ၁၇ ဦး အလင်းဝင်လာတယ်လို့ ဒီကနေ့ထုတ် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အလင်းဝင်လာသူတွေမှာ PDF တပ်ဖွဲ့ဝင် အမျိုးသား ၁၆ ဦးနဲ့ အမျိုးသမီး တစ်ဦး ပါဝင်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတာလို့ ဆိုပါတယ်။ အလင်းဝင်လာသူတွေဟာ…
