မနီလာ ၊ စက်တင်ဘာ ၅
ဖိလစ်ပိုင် ဒုသမ္မတ ဆာရာ ဒူတာတေးက သမ္မတ မားကို့စ်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် တစ်ရက်အကြာ စက်တင်ဘာ ၅ ရက်က မနီလာမြို့ တရားရုံး တစ်ရုံးမှာ အာမခံလျှောက်ထားလိုက်ပါတယ်။
ဆာရာ ဒူတာတေးက သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ၊ သူ့ဇနီးနဲ့ သူ့ရဲ့ ညီဝမ်းကွဲ လွှတ်တော်အမတ်တို့ကို သတ်ပစ်ဖို့ လူမိုက်ငှားထားတယ်လို့ ပြောဆိုခဲ့တယ်ဆိုတဲ့ ညနေပိုင်းသတင်း ကြေညာမှုကနေ ပြီးခဲ့တဲ့လမှာ စွဲချက်တင်ခံခဲ့ရပါတယ်။
အဲဒီ ၃ ဦးကို အရင်ဦးဆုံး သတ်ပစ်ရမယ်လို့ ဒုသမ္မတက ပြောဆိုခဲ့ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
သူက နောက်ပိုင်းမှာတော့ အဲဒီ မှတ်ချက်တွေဟာ မှားမှားယွင်းယွင်း တည်ဆောက်ထားတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီလို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ခြိမ်းခြောက်မှုဟာ အထက်လွှတ်တော်က သူကို အယုံအကြည် မရှိ အဆိုတင်သွင်းထားမှုရဲ့ အရေးကြီးတဲ့ အခြေအနေ တစ်ရပ် ဖြစ်ပေါ်စေပါတယ်။
အပြစ်ရှိလို့ ပြစ်ဒဏ်ချမှတ် ခံရမယ်ဆိုရင် သူ့အနေနဲ့ ရာထူးတာဝန်က ဖယ်ရှားခံရမှာ ဖြစ်ပြီး နိုင်ငံရေး လောကကနေ ထာဝရ တားမြစ်ခံရမှာ ဖြစ်ပါတယ်။
ဒုသမ္မတအနေနဲ့ ဖမ်းဆီးမခံရစေရေး သူ့ကို ဖမ်းဝရမ်းထုတ်တဲ့ တရားရုံး ရှေ့မှောက် ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ရှေ့နေ လောရင့်စ် လင်းက ပြောပါတယ်။
သူက ငွေအာမခံ လျှောက်ထားတာ ဖြစ်တယ်လို့ တရားရုံးက အတည်ပြုပါတယ်။
တရားရုံးမှာ အာမခံ မလျှောက်ထားခင် သူ့အသက်အန္တရာယ် အတွက် စိုးရိမ်မိကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဘယ်သူမှ အရေးမစိုက်ကြဘူးဆိုရင် ကျွန်မ အာမခံ မလျှောက်ချင်ဘူးလို့ ဆာရာ ဒူတာတေးက ပြောပါတယ်။
ဖိလစ်ပိုင် ဥပဒေအရ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုဆိုင်ရာ ပြစ်မှု ထင်ရှားသူတွေ အနေနဲ့ ထောင် ၆ လအထိ ချမှတ်ခံရနိုင်ပါတယ်။
သူ့အနေနဲ့ ဥပဒေကို ရှောင်ရှားလိုတဲ့ ရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ပြောကြားပြီး သူ့ရဲ့ တရားဝင် သက်သာခွင့် အားလုံးကို ဆက်လက် အသုံးပြုသွားမယ်လို့ ပြောပါတယ်။
သူ့ရဲ့ ပြစ်တင် စွပ်စွဲမှုနဲ့ ဆက်စပ်တဲ့ ဥပဒေချိုးဖောက်မှုတွေအတွက် ဥပဒေအရ အပြစ်ပေးလို့ မရဘူးဆိုတဲ့ သူရှေ့နေတွေရဲ့ ပြောဆိုချက်ကို တရားရေး ဝန်ကြီးဌာန အရာရှိတွေက ပယ်ချထားပါတယ်။
ဆာရာ ဒူတာတေးကို ပြီးခဲ့တဲ့ မေလမှာ အောက်လွှတ်တော် အမတ်တွေက စွပ်စွဲပြစ်တင်ခဲ့ပြီး အကျင့်ပျက်ခြစားမှု အပါအဝင် စွဲချက်တွေ အများကြီးနဲ့ စွပ်စွဲပြစ်တင်ခံရတာ ဖြစ်ပါတယ်။
Ref:AFP

