၁၀ ရက်နီးပါးကြာ ရေကြီးနေတဲ့ ကျိုက်မရောက ကျေးရွာအများစု အကူအညီ မရောက်သေး
ကျိုက်မရော၊ စက်တင်ဘာ ၁ ၁၀ ရက်နီးပါးကြာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်က ကျေးရွာအများစု အကူအညီ မရောက်သေးတာကြောင့် သောက်ရေသန့်၊အစားအစာနဲ့ဆေးဝါးကအစ လိုအပ်ချက်မြင့်မားလာတယ်လို့ ရေဘေးသင့် ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ အတ္တရံမြစ်ရေ ဆက်တိုက် မြင့်တက်လာတာကြောင့် ရပ်ကွက်ကျေးရွာအုပ်စု ၁၅…
