July 2026

မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်တံဆိပ် မဖော်ပြတဲ့ အသင့်စားမုန့်တွေကို အရေးယူမယ်

နေပြည်တော်၊ ဇူလိုင် ၂၁ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိတဲ့ အသင့်စားမုန့်တွေကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ရဲ့ ပြောကြားချက်ကို ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါရှိပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ကုန်စည်အုပ်စု ၈ အုပ်စုခွဲပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်တံဆိပ်တွေ ပြည့်စုံမှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးလျက်ရှိတယ်လို့…

စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်မှာ တအာင်းတပ် TNLA ပါဝင်လာ

နေပြည်တော် ၊ ဇူလိုင် ၂၁ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အစီအစဉ်မှာ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် TNLA က ပထမဆုံး ပါဝင်လာပါတယ်။ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဇူလိုင် ၁၉ ရက်နေ့က နေပြည်တော်ရှိ ‌ရွှေအိမ်စံဟိုတယ်မှာ…

မွန်မှာ တရားမဝင်ကုန်သွယ်မှုတွေကို လုံ/နယ်ဝန်ကြီး ဦးစီး လုပ်ဆောင်နေ

မော်လမြိုင် ၊ ဇူလိုင် ၂၁ မွန်ပြည်နယ်အတွင်း အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရက တရားမဝင် ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားတဲ့ ထိုင်းကုန်ပစ္စည်းတွေကို သယ်ယူပို့ဆောင်တဲ့ နေရာမှာ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ဦးဆောင်ပြီး လုပ်ဆောင်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းကုန်ပစ္စည်းတွေကို အရင်က ကုန်သည်တွေက လွတ်လပ်စွာ တင်သွင်း…

ဘားအံမှာ မိုင်းထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရ

ဘားအံ၊ ဇူလိုင်လ ၂၁ ကရင်ပြည်နယ် ဘားအံမြို့နယ် ညောင်ကုန်းကျေးရွာအနီးမှာ မိုင်းထိလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်နေ့က ညောင်ကုန်းကျေးရွာနေ အသက် ၃၆ နှစ်အရွယ် နော်လှကူး၊ အသက် ၄၅ နှစ်အရွယ် နော်တဒူးတို့ ၂ ဦးဟာ ကျေးရွာအနီး တောထဲကို သွားချိန်…

ယူကရိန်းမြို့တွေကို ရုရှားက ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်

ကိဗ်၊ ဇူလိုင် ၂၀ ရုရှားက ယူကရိန်းကို ပဲ့ထိန်း ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ကြီးကြီးမားမား တိုက်ခိုက်မှုကြောင့် လူ ၈ ဦး သေဆုံးပြီး တခြား ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။ အရှေ့မြောက်ပိုင်းမြို့ ကာကိဗ်မှာ လူ ၄ ဦး သေဆုံးခဲ့ပြီး မြို့တော် ကိဗ်မှာ သက်ကြီးရွယ်အို အမျိုးသမီး တစ်ဦး…

အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ အီရန် စစ်ပွဲ၊ မြန်မာ ပြဿနာနဲ့ တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမယ်

မနီလာ၊ ဇူလိုင် ၂၀ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ဇူလိုင် ၂၁ ရက်ကျရင် ကျင်းပမယ့် အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ အီရန် စစ်ပွဲ အရှိန်မြင့်တက်လာမှု၊ မြန်မာ ပြဿနာ ဖြေရှင်းရေးနဲ့ တောင်တရုတ် ပင်လယ် အငြင်းပွားမှုတို့ကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ အဲဒီ အစည်းအဝေးကို တရုတ်၊ ရုရှား၊ အမေရိကန်နဲ့…

မွန်မှာ အုပ်ချုပ်ရေးမှူး အနည်းစုကိုသာ ပြန်လည်ရွေးချယ်မယ်

မော်လမြိုင်၊ ဇူလိုင် ၂၀ ဝေဖန်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ အစိုးရ နှစ်ဆက် တာဝန်ထမ်းဆောင်ဖူးတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး နေရာတွေကိုသာ ပြန်လည်ရွေးချယ်သွားမယ်လို့ ပြည်နယ်အုပ်ချုပ်ရေး အသိုင်းအဝိုင်းကနေ စုံစမ်းသိရှိရပါတယ်။ မွန်ပြည်နယ်ရဲ့ မြို့နယ်အများစုမှာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ပြန်မရွေးဘဲ လက်သိပ်ထိုးပြီး ပြန်လည်ခန့်အပ်မှုအပေါ် ဒေသတွင်းမှာ ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။…

အန်ဒီ ဘန်ဟမ် ဗြိတိန်ရဲ့ ၅၉ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာ

လန်ဒန်၊ ဇူလိုင် ၂၀ လေဘာပါတီ ခေါင်းဆောင်သစ် အန်ဒီ ဘာဟမ် ဘုရင် ချားစ်လ် ၃ နဲ့ တွေ့ဆုံခဲ့ပြီး ဇူလိုင် ၂၀ ရက်မှာ ဗြိတိန်ရဲ့ ၅၉ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဝန်ကြီးချုပ်ရာထူးကို ကီယာ စတာမာဆီက တရားဝင် လွှဲပြောင်းရယူမယ့် ဘန်ဟမ်ဟာ ၁၀ နှစ်အတွင်း ဗြိတိန်ရဲ့ သတ္တမမြောက်…

အမေရိကန်က အီရန်ကို ၉ ညဆက်တိုက် တိုက်ခိုက်

ဝါရှင်တန်၊တီဟီရန် ၊ ဇူလိုင် ၂၀ အီရန်ကို ၉ ညဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း အမေရိကန်က ကြေညာထားချိန် ဇူလိုင် ၂၀ ရက် မနက်ပိုင်းက အရှေ့အလယ်ပိုင်း ဒေသမှာ တိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့ပါတယ်။ ကူဝိတ်က ဒရုန်းတွေကို ကြားဖြတ် တားဆီးခဲ့ရတယ်လို့ ပြောထားပြီး ဆီရီးယားရှိ ရန်သူ့ အမိန့်ပေး စင်တာ တစ်ခုကို…

မြန်မာ – ရုရှား စစ်ရေးလေ့ကျင့်မှု မြေပြင်တိုက်ပွဲမှာ အလုပ်မဖြစ်နိုင်ဘူးလို့ CDM တပ်အသိုင်းအဝိုင်းပြော

နေပြည်တော် ၊ ဇူလိုင် ၁၉ အာဏာသိမ်း စစ်တပ်နဲ့ ရုရှားတို့ကြား ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို အသုံးပြုပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲတွေမှာတော့ အလုပ်မဖြစ်နိုင်င်ဘူးလို့ CDM တပ်အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်မြေပြင်ဆိုင်ရာ အတွေ့အကြုံတွေ ဖလှယ်ရေးအတွက် လေ့ကျင့်တဲ့ မြန်မာ – ရုရှား ကြည်းတပ်နှစ်ရပ်အကြား တပ်ဖွဲ့တွေ စုပေါင်းလေ့ကျင့်ခန်း MYANMAR-RUSSIA…