မနီလာ၊ ဇူလိုင် ၂၀

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမှာ ဇူလိုင် ၂၁ ရက်ကျရင် ကျင်းပမယ့် အာဆီယံ ဝန်ကြီးများ အစည်းအဝေးမှာ အီရန် စစ်ပွဲ အရှိန်မြင့်တက်လာမှု၊ မြန်မာ ပြဿနာ ဖြေရှင်းရေးနဲ့ တောင်တရုတ် ပင်လယ် အငြင်းပွားမှုတို့ကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

အဲဒီ အစည်းအဝေးကို တရုတ်၊ ရုရှား၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်တွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။

၃ ရက်ကြာ ကျင်းပမယ့် အဲဒီ အစည်းအဝေးအတွင်း အခုနှစ် အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်က ဦးဆောင်ပြီး အဲဒီ အကြောင်းအရာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့တို့လည်း အဲဒီ အစည်းအဝေးသို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အာဆီယံရဲ့ ၁၉၇၆ ရန်မစရေး သဘောတူညီမှု အထိမ်းအမှတ်အဖြစ် ဇူလိုင် ၂၄ ရက်မှာ ကျင်းပမယ့် အစည်းအဝေးကို တက်ရောက်ဖို့ ယူကရိန်း ထိပ်တန်း သံတမန် အန်ဒရေး ဆိုင်ဘီဟာကို ဖိတ်ခေါ်ခဲ့ပေမယ့် ဆာဂျီ လက်ဗရော့နဲ့ ရူဘီယိုတို့ တက်ရောက်မယ့် အာဆီယံ အစည်းအဝေးတွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရူဘီယိုနဲ့ လက်ဗရော့တို့ကလည်း သူတို့ အချင်းချင်း ဒါမှမဟုတ် ဆိုင်ဘီဟာနဲ့ တွေ့ဆုံမယ့် အစီအစဉ် တစ်ခုမှ ကြေညာထားတာ မရှိပါဘူး။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အမေရိကန်- အီရန် စစ်ပွဲ အရှေ့အလယ်ပိုင်းရှိ တခြား နိုင်ငံတွေဆီ ပျံ့နှံ့လာမှုနဲ့ ပတ်သက်လို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေမှာ အီရန် စစ်ပွဲကို အဓိက အာရုံစိုက်နေတာက မလေးရှားနဲ့ အင်ဒိုနီးရှားတို့ ဖြစ်ပါတယ်။

အီရန်နဲ့ အမေရိကန် နှစ်နိုင်ငံ တိုက်ခိုက်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ နှစ်ဖက် ဆွေးနွေးမှုများ ပြန်စဖို့ တိုက်တွန်းတဲ့ ပူးတွဲကြေညာချက် တစ်ရပ်လည်း ထုတ်ပြန်မယ်လို့ အာဆီယံ သံတမန် နှစ်ဦးက ပြောပါတယ်။

လူဦးရေ သန်း ၆၈၀ ကျော်ရှိတဲ့ အရှေ့တောင်အာရှ ဒေသဟာ အရှေ့အလယ်ပိုင်း ဒေသထွက် လောင်စာကို အားကိုးနေရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို စတင် တိုက်ခိုက်မှုကြောင့် စစ်ပွဲ စတင်လာစဉ် အီရန်က ကမ္ဘာ့လောင်စာ ထောက်ပံ့မှုအတွက် အရေးကြီးတဲ့ ရေလမ်းကြောင်းကို ပိတ်ထားပါတယ်။

အီရန်ရဲ့ လုပ်ရပ်ကြောင့် ဖိလစ်ပိုင်မှာ စားနပ်ရိက္ခာ၊ လောင်စာနဲ့ တခြား အခြေခံ လူသုံးကုန် ပစ္စည်းတွေ ဈေးနှုန်း မမြင့်တက်စေရေး စွမ်းအင် အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ပြင်ပ ကမ္ဘာက ပဋိပက္ခတွေအပြင် အာဆီယံ ဝန်ကြီးတွေအနေနဲ့ ဒေသတွင်းက မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ တောင်တရုတ် ပင်လယ်ဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရေးအတွက်လည်း ပိုများလာနေတဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref:KoreanTimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.