လန်ဒန်၊ ဇူလိုင် ၂၀

လေဘာပါတီ ခေါင်းဆောင်သစ် အန်ဒီ ဘာဟမ် ဘုရင် ချားစ်လ် ၃ နဲ့ တွေ့ဆုံခဲ့ပြီး ဇူလိုင် ၂၀ ရက်မှာ ဗြိတိန်ရဲ့ ၅၉ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ဝန်ကြီးချုပ်ရာထူးကို ကီယာ စတာမာဆီက တရားဝင် လွှဲပြောင်းရယူမယ့် ဘန်ဟမ်ဟာ ၁၀ နှစ်အတွင်း ဗြိတိန်ရဲ့ သတ္တမမြောက် ဝန်ကြီးချုပ် ဖြစ်လာတာပါ။

ဝန်ကြီးချုပ်အဖြစ် ဇူလိုင် ၂၀ ရက် မနက်ပိုင်းက နံပါတ် ၁၀ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ် အပြင်ဖက်မှာ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းအတွင်း သူက ပြည်သူတွေ အသက်ရှူချောင်အောင် လုပ်ဆောင်ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

စောစောပိုင်းမှာ ကွန်ဆာဗေးတစ် ခေါင်းဆောင် ကီမီ ဘာဒီနော့ချ်က ဝန်ကြီးချုပ် အသစ်ဟာ မိမိတို့ နိုင်ငံအနေနဲ့ ခက်ခဲတဲ့ ဆုံးဖြတ်ချက် တချို့ ချမှတ်ဖို့ လိုအပ်နေချိန်မှာ ပြည်သူတွေကို ကျေနပ်စေမယ့်သူ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီအလုပ်က လူကြိုက်များ၊များ ယှဉ်ပြိုင်ဖို့ မဟုတ်ဘဲ ဒီအဆောက်အဦ ပြင်ပက လူတွေအားလုံးရဲ့ ဘဝတွေကို ပိုကောင်းအောင် လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်လို့ သူက ဖြည့်စွက် ပြောဆိုပါတယ်။

ဒါပေမဲ့ သူဘာလုပ်မလဲ ဆိုတာကို မပြောထားသေးဘဲ ဝန်ကြီးချုပ် ဘန်ဟမ်ရဲ့ ပြောဆိုမှုတွေ အားလုံးက လေသံသက်သက်ပဲ ဖြစ်တယ်လို့ ကီမီ ဘာဒီနော့ချ်က ပြောပါတယ်။

ဝန်ကြီးချုပ်အသစ်အနေနဲ့ လေဘာပါတီ လွှတ်တော် အမတ်တွေကို ရင်ဆိုင်နိုင်သူ ဖြစ်ဖို့လည်း လိုအပ်တယ်လို့ သူက ပြောပါတယ်။

ဘန်ဟမ်ဟာ လွှတ်တော်အမတ် ၃၇၈ ဦးရဲ့ ထောက်ခံမှုနဲ့ ဇူလိုင် ၁၇ ရက်က လေဘာပါတီ ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ဝန်ကြီးချုပ် ရာထူးအတွက် လုပ်ပိုင်ခွင့် အာဏာ သေချာစေရေး အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး အတိုက်အခံ ပါတီ တချို့က ဘန်ဟမ်ကို တိုက်တွန်းထားကြပါတယ်။

ဒါပေမယ့် လေဘာပါတီ ဒုတိယ ခေါင်းဆောင် လူစီ ပါဝဲလ်က ဘမ်ဟမ်အနေနဲ့ ၂၀၂၄ အထွေထွေ ရွေးကောက်ပွဲအတွင်း လေဘာပါတီရဲ့ ကြေညာစာတမ်းပါ ကတိတွေအတိုင်း လုပ်ဆောင်သွားမယ်လို့ စောစောပိုင်းက ပြောကြားခဲ့ပါတယ်။

ဘန်ဟမ် အနေနဲ့ ဒေါင်းနင်းလမ်း နံပါတ် ၁၀ ကို ရောက်ပြီဆိုတာနဲ့ သူ့ရဲ့ အစိုးရ အဖွဲ့ ဝန်ကြီး ရာထူးတွေ ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

နေထိုင်စားသောက်မှု စရိတ်နဲ့ ပတ်သက်လို့ ပြည်သူတွေ အသက်ရှူချောင်အောင် လုပ်ဆောင်ပေးမယ်လို့ ဝန်ကြီးချုပ် အသစ်က ပြောထားချိန်မှာ အဓိပဓိ ရာထူးကို ဘယ်သူ ရနိုင်သလဲ ဆိုတာနဲ့ ပတ်သက်လို့ ခန့်မှန်း ပြောဆိုချက်တွေ အတော်များများ ထွက်ပေါ် နေပါတယ်။

ဘန်ဟမ်က လေဘာပါတီရဲ့ ဦးတည်ချက်အတိုင်း တခြားပါတီတွေနဲ့ လက်တွဲ အလုပ်လုပ်သွားမှာ ဖြစ်ပြီး ဒေသဆိုင်ရာ အရာရှိတွေအထိ အာဏာသုံးမှု ပွင့်လင်း မြင်သာ ရှိစေရမယ်ဆိုတဲ့ ကတိတွေ အပါအဝင် အဓိက ကတိ ၅ ခု ပေးထား ပါတယ်။

ဗြိတိန် နိုင်ငံရေး တည်ငြိမ်ဖို့ ပိုမို လိုအပ်နေပြီး တာဝန်ခံမှု ပိုရှိဖို့ လိုအပ်နေချိန်မှာ ဘန်ဟမ် ဝန်ကြီးချုပ် ဖြစ်လာတာပါ။

လွန်ခဲ့တဲ့ နှစ်နှစ်က အထွေထွေ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရခဲ့တဲ့ ကီယာ စတာမာကတော့ ဘုရင်နဲ့ တွေ့ဆုံပြီး ဝန်ကြီးချုပ် ရာထူးက တရားဝင် နုတ်ထွက်သွားပြီ ဖြစ်ပါတယ်။

သူဟာ ဒေါင်းနင်းလမ်းကိုရောက်လာပြီး နိုင်ငံရေးအရ မှားယွင်းတဲ့ ခြေလှမ်းတွေ၊ ပြောင်းပြန် လုပ်ဆောင်မှုတွေကြောင့် သီတင်းပတ်ပိုင်းအတွင်း လူထု ထောက်ခံမှု စတင် ဆုံးရှုံးလာခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန်မှာ အမေရိကန်နဲ့ ပြင်သစ် သမ္မတတွေ ရွေးကောက်တင်မြှောက်သလို ဝန်ကြီးချုပ် ရာထူးကို တိုက်ရိုက် ရွေးကောက်တင်မြှောက်တာ မဟုတ်ပါဘူး။

ဒါကြောင့် ဗြိတိန်မှ ရွေးကောက်ပွဲ မကျင်းပဘဲနဲ့ ဝန်ကြီးချုပ် နေရာကို အပြောင်းအလဲ လုပ်ဆောင်လို့ ရတာ ဖြစ်ပါတယ်။
Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.