July 21, 2026

စစ်အာဏာသိမ်း (၁၉၉၇)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၉၄) ဦးထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၂၂ AAPP ရဲ့ ဇူလိုင်၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၉၇) ရက်အတွင်း ပြည်သူ (၈၁၉၄) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၅၄၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၃၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ပဋိပက္ခချုပ်ငြိမ်းရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအင်အားစုတွေပါဝင်တဲ့ ပတ်ဝန်းကျင်တရပ်ဖန်တီးဖို့ NLD ပြော

နေပြည်တော် ၊ ဇူလိုင် ၂၂ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မယ်လို့ ရှုမြင်ကြောင်း NLD ပါတီက ဇူလိုင် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အပါအဝင် ဒေါ်အောင်ဆန်းစုကြည်ရဲ့…

ထားဝယ်မှာ စစ်ရှောင်အရေးကူညီနေသူသုံးဦးကို စစ်တပ်ဖမ်းဆီးသတ်ဖြတ်

ရေဖြူ၊ ဇူလိုင် ၂၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း ပညာရေးနဲ့စစ်ရှောင်အရေး ကူညီဆောင်ရွက်နေတဲ့ The Ants – Tanintharyi အဖွဲ့ခေါင်းဆောင်အပါအဝင် သုံးဦးကို စစ်တပ်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ The Ants Humanitarian Aid Team – Tanintharyi အဖွဲ့ရဲ့ တာဝန်ခံ ကိုအသာ၊ဘဏ္ဍာရေး တာဝန်ခံ ကိုလီယွန်၊…

မြို့နယ်ပေါင်း ၅၈ မြို့နယ်ကို စစ်အုပ်ချုပ်ရေး သက်တမ်းထပ်တိုး

နေပြည်တော်၊ ဇူလိုင် ၂၂ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၅၈ မြို့နယ်မှာ အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးမှုကို စစ်တပ် အသွင်းပြောင်းအစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။ အဲဒီမြို့နယ်တွေမှာ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးဖို့ ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့…

ထိုင်းလေဆိပ်တွေမှာ ခရီးသည် မပါဘဲ ခရီးဆောင်အိတ်တွေကို စစ်ဆေးခွင့် ပြု

ဘန်ကောက်၊ ဇူလိုင် ၂၁ ထိုင်း အရပ်ဖက် လေကြောင်းပျံသန်းရေး အာဏာပိုင်အဖွဲ့ (CAAT) က ခရီးဆောင်အိတ်တွေကို X-ray နဲ့ စစ်ဆေးချိန် အန္တရာယ်ရှိတယ်လို့ ထင်မှတ်ရတဲ့ ပစ္စည်း တစ်ခုခု စစ်ဆေးတွေ့ရှိရင် ခရီးသည်တွေ မပါဘဲ ခရီးဆောင်အိတ်တွေကိုဖွင့်ပြီး စစ်ဆေးခွင့်ရှိတဲ့ စည်းမျည်း အသစ် တစ်ခုကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေစည်းကမ်း သတ်မှတ်ချက်ဟာ…

မွန်လွှတ်တော် အစည်းအဝေး သြဂုတ် ၁၀ ရက်နေ့မှာ ပြန်လည်ကျင်းပမယ်

မော်လမြိုင်၊ ဇူလိုင် ၂၁ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို လာမယ့် သြဂုတ် ၁၀ ရက်နေ့မှာ ပြန်လည်ကျင်းပသွားမယ်လို့ ပြည်နယ်လွှတ်တော်ကနေ အသိပေးကြေညာပါတယ်။ ဒါပေမယ့် ဒီအစည်းအဝေးမှာ မေးမြန်းမယ့် မေးခွန်း၊ အဆိုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်ကတော့ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။ ဒေသခံတွေကတော့ လာမယ့် လွှတ်တော်…

ကနေဒါ ကုန်စည်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံဖို့ ထရန့် ညွှန်ကြား

ဝါရှင်တန်၊ ဇူလိုင် ၂၁ ကနေဒါ ကုန်စည်များစွာအပေါ် အခွန်အသစ် ၅၀ ရာခိုင်နှုန်း ကောက်ခံရေး ညွှန်ကြားချက်ကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇူလိုင် ၂၀ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အမေရိကန်ထုတ် အရက်၊ မော်တော်ကားနဲ့ နို့ထွက် ပစ္စည်းတွေအပေါ် အိုတာဝါ အစိုးရက ခွဲခြားပြုမူနေတယ်လို့ ထရန့်က ပြောပါတယ်။ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှု…

အိန္ဒိယမှာ စာမေးပွဲကိစ္စ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တားဆီး

နယူးဒေလီ၊ ဇူလိုင် ၂၁ ပညာရေးဝန်ကြီး နုတ်ထွက်ပေးရေး၊ စာမေးပွဲ စစ်ဆေးမှုပုံစံကို ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲရေး တောင်းဆိုနေတဲ့ ဆန္ဒပြသူ ထောင်ပေါင်းများစွာကိုလွှတ်တော်ဆီ မချီတက်နိုင်အောင် အိန္ဒိယရဲတပ်ဖွဲ့က ဇူလိုင် ၂၀ ရက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တားဆီးခဲ့ပါတယ်။ ပညာရေးစနစ်နဲ့ အလုပ်လက်မဲ့ ဖြစ်မှုအပေါ် အိန္ဒိယမှာ လူအများ မကျေမနပ်ဖြစ်နေကြပြီး အွန်လိုင်း လှုပ်ရှားမှု တစ်ရပ်လည်း ရှိနေပါတယ်။ ကျောင်းသားလူငယ်…

မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်တံဆိပ် မဖော်ပြတဲ့ အသင့်စားမုန့်တွေကို အရေးယူမယ်

နေပြည်တော်၊ ဇူလိုင် ၂၁ မြန်မာဘာသာနဲ့ ကုန်အညွှန်းအမှတ်တံဆိပ် ဖော်ပြထားခြင်းမရှိတဲ့ အသင့်စားမုန့်တွေကို စစ်ဆေးတွေ့ရှိပါက အရေးယူသွားမယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းမြင့်ရဲ့ ပြောကြားချက်ကို ဒီကနေ့ထုတ် ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါရှိပါတယ်။ စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ ကုန်စည်အုပ်စု ၈ အုပ်စုခွဲပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်တံဆိပ်တွေ ပြည့်စုံမှု ရှိ၊ မရှိ စောင့်ကြည့်စစ်ဆေးလျက်ရှိတယ်လို့…

စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်မှာ တအာင်းတပ် TNLA ပါဝင်လာ

နေပြည်တော် ၊ ဇူလိုင် ၂၁ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အစိုးရရဲ့ ရက် ၁၀၀ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အစီအစဉ်မှာ ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့ဝင် တအာင်းတပ် TNLA က ပထမဆုံး ပါဝင်လာပါတယ်။ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ဇူလိုင် ၁၉ ရက်နေ့က နေပြည်တော်ရှိ ‌ရွှေအိမ်စံဟိုတယ်မှာ…