မော်လမြိုင်၊ ဇူလိုင် ၂၁

စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးကို လာမယ့် သြဂုတ် ၁၀ ရက်နေ့မှာ ပြန်လည်ကျင်းပသွားမယ်လို့ ပြည်နယ်လွှတ်တော်ကနေ အသိပေးကြေညာပါတယ်။

ဒါပေမယ့် ဒီအစည်းအဝေးမှာ မေးမြန်းမယ့် မေးခွန်း၊ အဆိုတွေနဲ့ ပတ်သက်ပြီး လွှတ်တော်ဘက်ကတော့ တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မရှိသေးပါဘူး။

ဒေသခံတွေကတော့ လာမယ့် လွှတ်တော် အစည်းအဝေးမှာ စက်သုံးဆီ တစ်ကျော့ပြန် ပြတ်လပ်မှု၊ စစ်မှုထမ်း ဖမ်းဆီးမှု၊ အဂတိလိုက်စားမှု၊ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှု၊ တရားဥပဒေ စိုးမိုးရေး အားနည်းနေတဲ့ ကိစ္စတွေကို မေးမြန်းပေးဖို့ လိုးလာနေကြပါတယ်။

ဒါ့အပြင် စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဥပဒေမဲ့ ကျူးလွန်မှုတွေ၊ တရားမဝင် ကုန်သွယ်မှုမှာ အစိုးရအဖွဲ့က အကြီးအကဲတွေ ကိုယ်တိုင်ပါဝင်နေတာ၊ ဒေသတွင်းမှာ လောင်းစားဝိုင်းတွေ ဆက်ရှိနေတဲ့အပေါ် မေးခွန်းထုတ်ဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှာတော့ မေးခွန်း ၂၅ ခု၊ အဆို လေးခု တင်သွင်းမေးမြန်းခဲ့ပါတယ်။

အဲဒီအစည်းအဝေးမှာ လူအများဆုံး စိတ်ဝင်စားတဲ့ အတွဲလိုက် ဆောင်းဘောက် ဖွင့်လှစ်မှု ပိတ်ပင်ရေးနဲ့ လောင်းကစားဝိုင်းတွေ တားဆီး ပိတ်ပင်ရေး အဆိုတို့ကို ပြည်နယ်လွှတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.