July 17, 2026

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကျင်းမြို့မှာ မြေပြိုပြီး ဒေသခံတွေ နစ်မြုပ်

ဘေဂျင်း၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကျင်းမြို့မှာ ဇူလိုင် ၁၇ ရက်က မြေပြိုမှုကြောင့် တောင်ကုန်း အောက်ဖက်ရှိ အဆောက်အဦ တော်တော်များများ ပြိုကျသွားပြီး ဒေသခံတွေ နစ်မြုပ်သွားခဲ့ကြောင်း တရုတ်နိုင်ငံ မီဒီယာက ဖော်ပြပါတယ်။ ဒေသစံတော်ချိန် မနက် ၈ နာရီမှာ ကျောက်ခဲတွေ ပြုတ်ကျလာတာကို ပန်းရှီု ဒေသ အလုပ်သမား တစ်ဦးက…

အင်္ဂလန်မှာ လာမယ့်နှစ်မှစတင်ကာ ၁၆ နှစ်အောက်အရွယ်တွေကို အားဖြည့်အချိုရည် တားမြစ်မယ်

လန်ဒန်၊ ဇူလိုင် အင်္ဂလန်မှာ အသက် ၁၆ နှစ်အောက်အရွယ် ကလေးငယ်တွေကို ကဖိန်းပါဝင်မှုများတဲ့ အားဖြည့် အချိုရည် ဝယ်ယူခွင့် လာမယ့်နှစ် ဧပြီလက စတင် တားမြစ်သွားမှာ ဖြစ်ကြောင်း အစိုးရက ပြောပါတယ်။ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေ၊ ကော်ဖီဆိုင်တွေ ငွေထည့်ပြီး ဝယ်နိုင်တဲ့ စက်တွေနဲ့ အွန်လိုင်းမှာ အချိုရည် တစ်လီတာကို ကဖိန်း ပါဝင်မှု ၁၅၀…

ကျိုက်ထို လမ်းပိုင်းမှာ လူငယ် လေးဦး စစ်မှုထမ်း ပေါ်တာဆွဲခံရ

ကျိုက်ထို၊ ဇူလိုင် ၁၇ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခလွန်ကျေးရွာနဲ့စပ္ပနူးကျေးရွာလမ်းပိုင်းမှာ ဇူလိုင် ၁၅ ရက်နေ့က လူငယ် လေးဦး စစ်မှုထမ်းအတွက် ပေါ်တာဆွဲ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကနေ ၃၀ အရွယ်ရှိတဲ့ ကျောက်ရေကန်ကျေးရွာနဲ့စပ္ပနူးကျေးရွာက ဒေသခံ လူငယ်တွေ ဖြစ်ပြီး အလုပ်ကနေ ပြန်လာစဉ်…

အကြမ်းဖက်မှုတွေ မရပ်မချင်း စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ မလုပ်ဖို့ KPSN ပြော

ဘားအံ၊ ဇူလိုင် ၁၇ အရပ်သားတွေအပေါ် တိုက်ခိုက်နေတာကို ရပ်တန့်ပြီး ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နေကြောင်း လက်တွေ့ပြသနိုင်တဲ့ သက်သေအထောက်အထား မရှိသရွေ့ အာဆီယံအနေနဲ့ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံတာ မလုပ်ဖို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN တိုက်တွန်းလိုက်ပါတယ်။ ၅ နှစ်ကျော်ကာလအတွင်း မြန်မာစစ်တပ်ဆီကနေ ကတိကဝတ်တွေကို အာဆီယံက ထပ်တလဲလဲကြားခဲ့ရပေမယ့် အရပ်သားပြည်သူလူထုတွေမှာမူ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးကျည်ကျရောက်မှုတွေ၊ မတရားဖမ်းဆီးခံရမှုတွေနဲ့…

အမေရိကန်က အီရန် လေဆိပ်၊ တံတားတွေနဲ့ ရထားဘူတာရုံတို့ကို တိုက်ခိုက်

တီဟီရန်၊ ဇူလိုင် ၁၇ ဇူလိုင် ၁၆ ရက်မှာ အီရန်ကို အမေရိကန်က ဆဌမမြောက်ည ဆက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အီရန်ရဲ့ လေဆိပ်၊ တံတားတွေနဲ့ ရထားဘူတာရုံတို့ ထိမှန် ပျက်စီးသွားခဲ့ပါတယ်။ ဟောမု့ဇ် ရေလက်ကြားအနီး အီရန် တောင်ပိုင်းရှိ တံတား နှစ်စင်း၊ ဘန်ဒ် အဘတ်စ်မြို့ ဆိပ်ကမ်းရှိ ရထားဘူတာရုံ တစ်ခုနဲ့ လေဆိပ်တစ်ခု တိုက်ခိုက်ခံခဲ့ရတယ်လို့…

ဖိလစ်ပိုင် နိုင်ငံသားတွေကို မျောက်အဖြစ် ပုံဖော်ထားတဲ့ တရုတ် နိုင်ငံပိုင် မီဒီယာကို ဖိလစ်ပိုင် ပြစ်တင် ရှုတ်ချ

မနီလာ၊ ဇူလိုင် ၁၇ ဖိလစ်ပိုင် နိုင်ငံသားတွေကို မျောက်အဖြစ် ပုံဖော်ထားတဲ့ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ ဗီဒီယိုကို ဖော်ပြမှုကြောင့် တရုတ်နိုင်ငံပိုင် China Daily သတင်းဌာနကို ဖိလစ်ပိုင်က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ တရုတ် နိုင်ငံပိုင်မီဒီယာရဲ့ ဖော်ပြချက်ဟာ လူမျိုးရေးခွဲခြားမှု ဖြစ်ပြီး စော်ကားတဲ့ စိတ်ပျက်စရာကောင်းတဲ့ လက်မခံနိုင်စရာ ပုံရိပ်တွေဖြစ်ကြောင်း ဖိလစ်ပိုင်က…