တီဟီရန်၊ ဇူလိုင် ၁၇
ဇူလိုင် ၁၆ ရက်မှာ အီရန်ကို အမေရိကန်က ဆဌမမြောက်ည ဆက်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အီရန်ရဲ့ လေဆိပ်၊ တံတားတွေနဲ့ ရထားဘူတာရုံတို့ ထိမှန် ပျက်စီးသွားခဲ့ပါတယ်။
ဟောမု့ဇ် ရေလက်ကြားအနီး အီရန် တောင်ပိုင်းရှိ တံတား နှစ်စင်း၊ ဘန်ဒ် အဘတ်စ်မြို့ ဆိပ်ကမ်းရှိ ရထားဘူတာရုံ တစ်ခုနဲ့ လေဆိပ်တစ်ခု တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရန် နိုင်ငံပိုင် မီဒီယာက ဇူလိုင် ၁၇ ရက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတောင်ပိုင်းရှိ အီရန်ရှား လေဆိပ်ကို အမေရိကန်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် အနည်းဆုံး တစ်လုံး ထိမှန်ခဲ့ပြီး လေဆိပ်တဝိုက် ပေါက်ကွဲသံ သုံးခုကြားခဲ့ရတယ်လို့ အီရန် နိုင်ငံပိုင် IRIB သတင်းဌာနက ဖော်ပြထားပါတယ်။
ဘန်ဒါ အဘတ်စ်မြို့ ရထားလမ်းဆုံ ဘူတာရုံကိုလည်း အမေရိကန်က တိုက်ခိုက်ခဲ့ကြောင်း အဲဒီ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီ တိုက်ခိုက်မှုအတွင်း အီရန် နိုင်ငံသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဲဲဒီ သတင်းဌာနရဲ့ တယ်လီဂရမ်မှာ ရေးပါတယ်။
ဘန်ဒါအဘတ်စ်မြို့ဟာ အီရန်ရဲ့ အကြီးမားဆုံး ဆိပ်ကမ်းရှိရာမြို့ ဖြစ်ပြီး အဓိက ရေတပ်စခန်းနဲ့ တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ အဆေက်အဦတွေ တည်ရှိရာ မြို့ ဖြစ်ပါတယ်။
ဟောမု့ဇ်ဂျန်ပြည်နယ်ရှိ တံတား နှစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီး လူ ၂ ဦး သေဆုံးခဲ့ကာ တခြား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီရန် အရာရှိတွေက ပြောပါတယ်။
အပစ်ရပ်ရေး ပြီးခဲ့တဲ့လက နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ တစ်ရပ် ရယူထားခဲ့ပေမယ့် သီတင်း တစ်ပတ်ကြား တင်းမာမှုများ မြင့်တက်မှုအတွင်း ဝါရှင်တန်နဲ့ တီဟီရန်တို့ အပြန်အလှန် အရှိန်မြှင့် တိုက်ခိုက်နေကြပါတယ်။
အီရန် တိုက်ခိုက်နိုင်စွမ်း နောက်ထပ် လျော့ကျသွားစေရေး အမေရိကန် စစ်တပ်က ဆဌမမြောက် ညဆက်တိုက် တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
‘
အမေရိကန်က ဓာတ်အားပေးစနစ်တွေကို တိုက်ခိုက်လာရင် ပင်လယ်နီ ဂိတ်ပေါက်ကို ပိတ်ထားဖို့ အီရန်က ဟိုသီ အဖွဲ့ကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။
အမေရိကန် စစ်တပ်က အီရန် တောင်ပိုင်းကို အဓိကထား တိုက်ခိုက်နေပြီး ဇူလိုင် ၁၅ ရက်လည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့ပါတယ်။
တိုက်ခိုက်မှုတွေ ပြန်လည် စတင်ပြီးနောက်ပိုင်း အီရန်က ဟောမု့ဇ် ရေလက်ကြားကို သင်္ဘောတွေ မဖြတ်သန်းနိုင်အောင် ပြန်လည် ပိတ်ဆို့ထားပါတယ်။
အမေရိကန် ရေတပ်ကလည်း အီရန် ဆိပ်ကမ်းတွေကို ဇူလိုင် ၁၅ ရက်က ပြန်လည် ပိတ်ဆို့ထားတာ ဖြစ်ပါတယ်။
နောက်ထပ် အရေးပါတဲ့ ရေလမ်းကြောင်း တစ်ခု ဖြစ်တဲ့ ပင်လယ်နီ ပါးစပ်ပေါက်နေရာကို ပိတ်ထားဖို့ အီရန်က ဟူသီအဖွဲ့ကို ညွှန်ကြားထားပါတယ်။
တိုက်ခိုက်မှုတွေ အရှိန်မြင့်တက်နေပေမယ့် အီရန်က သူတို့ ဖမ်းဆီးထားတဲ့ အမေရိကန် နိုင်ငံသား တစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဒီအပြုအမူကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ဇူလိုင် ၁၅ ရက်မှာ ကြိုဆိုခဲ့ပါတယ်။
အီရန်က ပင်လယ်နီ လမ်းကြောင်းကို ပိတ်ဆို့ထားရေး ဟူသီအဖွဲ့ကို ညွှန်ကြား ထားတာကြောင့် ကမ္ဘာ့ စွမ်းအင် ထောက်ပံ့မှုတွေ နောက်ထပ် အခက်ကြုံလာနိုင်ပါတယ်။
ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ဟာ အီရန်ရဲ့ လက်နက်နဲ့ ငွေကြေးများ ထောက်ပံ့ထားတဲ့ အဖွဲ့ ဖြစ်ပြီး စစ်ပွဲအတွင်း မကြာခဏ ဝင်ပါနေတာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်က ဒေသတွင်းရှိ အမေရိကန် စစ်စခန်းတွေကို ဒုံးကျည်တွေ ဒရုန်းတွေနဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Ref:Agencies

