July 10, 2026

စစ်အာဏာသိမ်း (၁၉၈၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၁၅၀) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၁၀ AAPP ရဲ့ ဇူလိုင်၉ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၈၅) ရက်အတွင်း ပြည်သူ (၈၁၅၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၄၀၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၂၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဗိုလ်ချုပ်အောင်ဆန်းရုပ်ထု စစ်တပ်အသွင်ပြောင်းအစိုးရ ဘာကြောင့်ဖယ်ရှားနေတာလဲ

မော်လမြိုင် ၊ ဇူလိုင် ၁၀ အာဏာသိမ်း စစ်တပ်ကနေ အရပ်သားအသွင်ပြောင်းအစိုးရက သူတို့ရဲ့ တပ်မတော်ကို တည်ထောင်ခဲ့သူလည်းဖြစ် မြန်မာ့လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုတွေကို တစ်ခုပြီးတစ်ခု ဖယ်ရှားရှင်းလင်းလာနေပါတယ်။ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်က နိုင်ငံ့အာဏာကို ဆက်လက်ရယူပြီးနောက်ပိုင်း တိုင်းနဲ့ ပြည်နယ်တချို့မှာ စိုက်ထူထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ထုတွေကို ဘဝင်မကျ…

မြဝတီမြို့မှာ ရွှေ့ပြောင်းလုပ်သားလူငယ်တွေ ပစ်မှတ်ထားပေါ်တာဆွဲခံနေရ

မြဝတီ၊ ဇူလိုင် ၁၀ ကရင်ပြည်နယ် မြဝတီမြို့မှာ ရပ်ဝေးဒေသတွေကနေ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သား လူငယ်တွေအပေါ် ပစ်မှတ်ထားပြီး စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီမြို့ပေါ်ရပ်ကွက်တွေမှာ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ဟာ ညစဉ်ညတိုင်း ကင်းလှည့်စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး မြဝတီနယ်ခံမဟုတ်တဲ့သူတွေ၊ မသင်္ကာတဲ့သူတွေနဲ့ ရွှေ့ပြောင်းလုပ်သား လူငယ်တွေကို ပစ်မှတ်ထားကာ…

KNU သထုံခရိုင်နယ်မြေမှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားငါးဦးသေဆုံး

သထုံ၊ ဇူလိုင် ၁၀ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်တို့မှာ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်တပ် ဗုံးကြဲမှုကြောင့် အရပ်သား ငါးဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်ထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ…