ကိဗ် ဇူလိုင် ၁၀

PAC-3 Patriot ကြားဖြတ် ပစ်ချရေး ဒုံးကျည် ကိုယ်တိုင် ထုတ်လုပ်ခွင့်အတွက် အမေရိကန်နဲ့ ယူကရိန်းကြား နိုင်ငံရေးဆိုင်ရာ သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း အဓိက ဒုံးကျည် ထောက်ပံ့မှုတွေဟာ လာမယ့် ၅ ရက်အတွင်း ရောက်ရှိလာမှာ ဖြစ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဇူလိုင် ၉ ရက်က ပြောလိုက်ပါတယ်။

Patriot ဟာ အမေရိကန်ထုတ် လေကြောင်း ကာကွယ်ရေး စနစ် ဖြစ်ပါတယ်။

Patriot အဆင့်မြင့် စွမ်းပကား ၃ ရဲ့ အတိုကောက် PAC-3 ကြားဖြတ် ပစ်ချရေး ဒုံးကျည်တွေဟာ ယူကရိန်းမြို့တွေကို ရုရှားက အရှိန်မြှင့် ပစ်ခတ် တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ချနိုင်စွမ်းရှိတဲ့ အနောက်တိုင်းရဲ့ အနည်းငယ်သော လက်နက်တွေက တစ်မျိုး ဖြစ်ပါတယ်။

တူရကီမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ဆွေးနွေးပြီး နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲက ပြန်ရောက်လာပြီးနောက် သတင်းထောက်တွေကို ပြောကြားရာမှာ ဇီလန်စကီးက ဒရုန်း သဘောတူညီမှု ဒါမှမဟုတ် ဒရုန်းတွေ ပူးတွဲ ထုတ်လုပ်ရေးအတွက်လည်း အမေရိကန်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါဟာ ယူကရိန်းအတွက် အကျိုးရှိတဲ့ ထိပ်သီး ဆွေးနွေးပွဲ ဖြစ်ခဲ့တယ်လို့ မိမိယုံကြည်ကြောင်း လာမယ့် ရက်တွေမှာ အမေရိကန်ဆီက ထောက်ပံ့မှု တစ်ခု လက်ခံရရှိမှာ ဖြစ်ကြောင်း သီးခြား သဘောတူညီမှု တချို့လည်း ရှိနေသေးကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်းအတွက် Patriot ဒုံးကျည် ထုတ်လုပ်ခွင့်နဲ့ ပတ်သက်လို့ ပြောကြားရာမှာ ဇီလန်စကီးက ကျွန်တော်တို့ ဒီကိစ္စကို နိုင်ငံရေးအရ ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်လို့ တုံ့ပြန်ပါတယ်။

ယူကရိန်းမှာ အဲဒီ အမျိုးအစား ဒုံးကျည်တွေကို တတ်နိုင်သမျှ အမြန်ဆုံး ထုတ်လုပ်သွားမယ်လို့လည်း သူက ဖြည့်စွက် ပြောပါတယ်။

ရုရှား ပဲ့ထိန်း ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်မယ့် ဒုံးကျည်စနစ် မြန်မြန်ဆန်ဆန် ထောက်ပံ့ပေးဖို့ ဇီလန်စကီး တောင်းဆိုနေတာ ကြာပြီ ဖြစ်ပါတယ်။

ရုရှားက ယူကရိန်း မြို့တော်နဲ့ တခြားမြို့တွေကို ပဲ့ထိန်း ဒုံးကျည်တွေနဲ့ အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။

ဒရုန်း ထုတ်လုပ်ရေးကိစ္စ ဝါရှင်တန်နဲ့ ဆွေးနွေးနေပေမယ့်လည်း သဘောတူညီမှု လက်မှတ်မထိုးရသေးဘူးလို့ ဇီလန်စကီးက ပြောပါတယ်။

ဒါပေမဲ့ အမေရိကန်က စမ်းသပ်ဖို့ စိတ်ဝင်စားနေတဲ့ ဒရုန်း အမျိုအစား အမျိုးမျိုး အတွက် ယူကရိန်းဆီက အမေရိကန် ရရှိနိုင်ရေး စာရွက်စာတမ်း တချို့ကို လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း၊ အမေရိကန်နဲ့ ဆွေးနွေးမှုတွေအတွင်း ဝေဟင် ဒရုန်းတွေရော၊ရေပြင် ဒရုန်းတွေထုတ်လုပ်ရေး အစီအစဉ်တွေ ပါဝင်ကြောင်း သူက ပြောပါတယ်။

မိမိတို့ အနေနဲ့ Patriot ဒုံးကျည်စနစ်နဲ့ ဆင်တူတဲ့ ဒုံးကျည် စနစ်တွေကို အစုလိုက်အပြုံလိုက် ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ဖို့ ရည်ရွယ်ထားကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘဲဥပုံရုံးခန်းမှာ ထရန့်နဲ့ တွေ့ဆုံချိန်က အော်လားဟစ်လား ဖြစ်ခဲ့ကြပေမယ့် နှစ်ဖက် အကြိမ်ကြိမ် တွေ့ဆုံမှုအတွင်း ဇီလန်စကီးက ဆက်ဆံရေး တိုးတက်အောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

သီးခြား ဒုံးဖျက်ဒုံး စနစ်တစ်ခု တည်ထောင်ရေး ယူကရိန်းရဲ့ ဥရောပ မဟာမိတ်တွေနဲ့ ဆွေးနွေးဖို့ ရှိနေပြီး ပြင်သစ်နဲ့ မကြာခင် ဆွေးနွေးဖို့ ရှိတယ်လို့ သူက ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက စစ်ပွဲ အဆုံးသတ်ဖို့ ဆန္ဒရှိတယ်လို့ ထရန့်က ပြောဆိုပြီး ငြိမ်းချမ်းရေးအတွက် တွန်းအားပေးနေပေမယ့် ပူတင်က စစ်ပွဲကို အရှိန်မြှင့်လာဖွယ်ရှိကြောင်း လေ့လာမှု တစ်ရပ်မှာ ဖော်ပြထားပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.