June 29, 2026

ထိုင်းတောင်ပိုင်းမှာ PT စက်သုံးဆီဆိုင်တွေ ဗုံးခွဲ တိုက်ခိုက်ခံရ

ဘန်ကောက် ဇွန် ၂၉ ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ PT စက်သုံးဆီဆိုင် ၃ ဆိုင် ဟာ ဇွန် ၂၈ ရက် ညပိုင်းက တချိန်တည်းနီးပါး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကြိုတင်စီစဉ်ထားတဲ့ ပူးပေါင်းလုပ်ဆောင်မှုဖြစ်နိုင်တယ်လို့ ထိုင်းလုံခြုံရေးအာဏာပိုင်တွေက ယူဆနေပါတယ်။ ထိုင်းပြည်တွင်းလုံခြုံရေး စစ်ဆင်ရေးဌာန (ISOC) ရဲ့ ထုတ်ပြန်ချက်အရ ပေါက်ကွဲမှုတွေဟာ ည…

နယ်စပ် စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၂၉ ဦးကို ပါကစ္စတန် စစ်တပ် ပစ်သတ်

ကဘူးလ်၊ ဇွန် ၂၉ အာဖဂန်နစ္စတန် နယ်စပ်မှာ ပါကစ္စတန်က ဝေဟင်နဲ့ မြေပြင် ထိုးစစ်ဆင်မှု အတွင်း စစ်သွေးကြွ ၂၉ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ဇွန် ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ပါကစ္စတန်ရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ၃၈ ဦးထက်မနည်း သေဆုံးကြောင်း အာဖဂန်နစ္စတန် တာလီဘန် အစိုးရက…

တနင်္သာရီမှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ

တနင်္သာရီ၊ ဇွန် ၂၉ တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ အခုလအတွင်း အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေအပါအဝင် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၄ ရက်နေ့က တိုက်ပွဲမရှိဘဲ တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုကို လေကြောင်းကနေ ဗုံး နှစ်လုံး လာရောက်ကြဲချသွားတာပါ။ ဒါ့အပြင်…

မွန်မှာ စစ်မှုထမ်း စစ်သားစုဆောင်းခံရသူ ၅၄၀၀ ကျော်ပြီ

မော်လမြိုင်၊ ဇွန် ၂၉ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၆ အထိ စစ်သားစုဆောင်းခံရသူ ၅၄၀၀ ကျော်အထိ ရှိလာခဲ့တယ်လို့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန် ၂၇…

ယူကရိန်းကို မျက်နှာစာအားလုံးမှာ ဖိအားပေး တိုက်ခိုက်သွားမယ်လို့ ပူတင် ပြော

မော်စကို၊ ဇွန် ၂၉ ယူကရိန်း ဒေသ ၄ ခုကို အပြည့်အဝသိမ်းပိုက်နိုင်ရေး စစ်ပွဲရည်ရွယ်ချက်အတိုင်း ရုရှားအနေနဲ့ ရှေ့တိုး ဖိအားပေး တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ဇွန် ၂၈ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ၄ နှစ်ကျော်ကြာ စစ်ပွဲအတွင်း ရန်လို တိုက်ခိုက်မှုတွေကို ထိန်းချုပ်ရေး ယူကရိန်းရဲ့ အဆိုပြုချက်တွေကို လက်မခံဘူးလို့…

၂၀၂၄ လူထု အုံကြွမှု အတွင်း ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့တဲ့ ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဒဏ် ချမှတ်ခံရ

ဒါကာ၊ ဇွန် ၂၉ ၂၀၂၄ လူထု အုံကြွမှုအတွင်း ဆန္ဒပြသူတွေကို သတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး မြို့တော် ဒါကာ ရဲမှူးချုပ်ဟောင်း အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဘင်္ဂလားဒေ့ချ် အထူးတရားရုံးက ဇွန် ၂၈ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။ တရားသူကြီး မိုဟာမတ် ဂိုလမ် မော်တူဇာ မိုဇမ်ဒါ ဦးဆောင်တဲ့ အဖွဲ့ဝင် ၃…