ICC ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ဒယ်လာရိုဆာ ခိုလှုံရာ ဖိလစ်ပိုင် လွှတ်တော်ထဲကနေ ထွက်ပြေး
မနီလာ မေ ၂၁ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က အလိုရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံရေးသမား ရော်နယ် ဒယ်လာ ရိုဆာဟာ အဖမ်းမခံရအောင် ရက်အတော်ကြာ ပုန်းနေခဲ့တဲ့ လွှတ်တော်အဆောက်အဦထဲကနေ တိတ်တဆိတ် ထွက်ပြေးသွားခဲ့ပြီဖြစ်ပါတယ်။ ဖိလစ်ပိုင်လွှတ်တော်ဥက္ကဋ္ဌ အလန်ပီတာ ဆာယဲန်တာနိုက ဒယ်လာရိုဆာဟာ “အဆောက်အဦထဲမှာ မရှိတော့ဘူး” လို့ သတင်းမီဒီယာတွေကို အတည်ပြုပြောကြားခဲ့ပါတယ်။ သူက ဘယ်အချိန် ထွက်သွားတယ်ဆိုတာကို အပြည့်အစုံ…
