May 27, 2026

စစ်အာဏာသိမ်း (၁၉၄၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၀၆၁) ဦးအထိရှိလာ

မော်လမြိုင်၊ မေ၂၈ AAPP ရဲ့ မေ၂၇ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၉၄၂) ရက်အတွင်း ပြည်သူ (၈၀၆၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၀၅၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၈၉၁၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဖက်ဒရယ်ပြည်ထောင်စု ရအောင်တည်ဆောက်မယ်လို့ အာဏာသိမ်းသမ္မတပြော

မော်လမြိုင် ၊ မေ ၂၈ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျင့်သုံးနေတဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ သမ္မတ ရာထူးကို ရယူထားတဲ့ ဦးမင်းအောင်လှိုင်က ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို ရအောင် တည်ဆောက်မယ်လို့ ပြောလာပါတယ်။ ဖက်ဒရယ်လို့ ဆိုရာမှာ နယ်မြေဒေသကိုပေးတဲ့ ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးတဲ့ ဖက်ဒရယ်မဟုတ်တာကိုလည်း သိရှိနားလည်နိုင်ကြဖို့ လိုတယ်လို့ မေ ၂၆…

လောင်းကစားတွေကို မြေပြင်ကွင်းဆင်းတိုက်ဖျက်ဖို့ ဦးမင်းအောင်လှိုင်ပြောပေမယ့် မွန်မှာ ကြက်ပျံမကျ စည်းကားဆဲ

မော်လမြိုင် ၊ မေ ၂၈ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က အွန်လိုင်း လောင်းကစားတွေကို မြေပြင်ကွင်းဆင်း တိုက်ဖျက်ဖို့ ပြောနေပေမယ့် မွန်ပြည်နယ်မှာတော့ မြေပြင်လောင်းကစားဝိုင်းတွေနဲ့ ကြက်ပျံမကျ စည်းကားဆဲလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အစိုးရအဖွဲ့ အစည်းအဝေးမှာ အာဏာသိမ်း သမ္မတက အွန်လိုင်း…

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင်တွေ အမိုးအကာနဲ့ ဆေးဝါးအကူအညီ လိုအပ်နေ

တနင်္သာရီ၊ မေ ၂၈ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တနင်္သာရီတိုင်းက စစ်ဘေးရှောင်ပြည်သူအများစုဟာ အမိုးအကာနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်အ ရေး ကူညီနေသူတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း တနင်္သာရီတိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့ ဒရုန်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ အနည်းဆုံး ၈၃၇၀၀ နီးပါး ရှိခဲ့တာပါ။…

ဗြိတိန်မှာ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြပေးရေး အစာငတ်ခံ ဆန္ဒပြမယ်

လန်ဒန်၊ မေ ၂၇ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ရှိနေသေးကြောင်း သက်သေပြပေးဖို့ လန်ဒန်မြို့ရှိ မြန်မာ စစ်အုပ်စုရဲ့ သံရုံးရှေ့မှာ ၂၄ နာရီကြာ အစာငတ်ခံ ဆန္ဒပြမှာ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံရှိ မြန်မာ အသိုင်းအဝိုင်းက ကြေညာလိုက်ပါတယ်။ ဇွန် ၁၈ ရက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစာငတ်ခံ ဆန္ဒပြပွဲက မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့…

မြောက်ကိုရီးယားက AI ပဲ့ထိန်း ဒုံးကျည်တွေနဲ့ လက်နက်ကြီးတွေ စမ်းသပ်

ဆိုးလ်၊ မေ ၂၇ မြောက်ကိုရီးယားက ခေတ်မီ စစ်လက်နက် နည်းပညာအတွက် ရည်ရွယ်တဲ့ နည်းဗျူဟာမြောက် ရောနှောထားတဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ AI ပဲ့ထိန်း ခရု့ဇ် ဒုံးကျည်တွေ စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန KCNA က မေ ၂၇ရက်မှာ ကြေညာပါတယ်။ အဲဒီ လက်နက်တွေ ပစ်ခတ် စမ်းသပ်မှုကို မြောက်ကိုရီးယား…

မော်လမြိုင် ကမ်းနားလမ်းမှာ အရက်သေစာ သောက်စားတာ မလုပ်ဖို့ တားမြစ်

မော်လမြိုင်၊ မေ ၂၇ မွန်ပြည်နယ် မော်လမြိုင်မြို့ ကမ်းနားလမ်းတလျှောက် ပလက်ဖောင်းတွေပေါ်မှာ အရက်သေစာ သောက်စားတာ မလုပ်ဖို့ တားမြစ်ဆိုင်းဘုတ် လာရောက်ချိတ်ဆွဲထားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင် ကမ်းနားလမ်းမှာ အရက်သေစာ သောက်စားမှု တားမြစ်မှုအပေါ် ဒေသခံပြည်သူတွေအကြား သဘောထားအမြင်အမျိုးမျိုး ရှိနေပြီး ကမ်းနားလမ်းတလျှောက် Bar အများအပြား ဖွင့်လှစ်ခွင့်ပြုထားတဲ့အပေါ် ဝေဖန်တာတွေ ရှိနေပါတယ်။ စစ်အစိုးရဘက်ကတော့…

အင်ဒို-ပစိဖိတ် ရေပြင်လုံခြုံရေးနဲ့ စွမ်းအင်ဆိုင်ရာ အစီအစဉ် အသစ်တွေ Quad အဖွဲ့ ကြေညာ

နယူးဒေလီ၊ မေ ၂၇ တရုတ်ရဲ့ ပိုမိုကြီးထွားလာနေတဲ့ သြဇာလွှမ်းမိုးမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို တုံ့ပြန်ရေး အင်ဒို-ပစိဖိတ်ဒေသမှာ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ရေး၊ စွမ်းအင်နဲ့ ဆိပ်ကမ်း အခြေခံ အဆောက်အဦတွေ၊ ရေပြင်လုံခြုံရေးတို့တဲ့ ပတ်သက်တဲ့ အစီအစဉ် အသစ်တွေကို Quad အဖွဲ့ ဝန်ကြီးတွေက မေ ၂၆ ရက်မှာ ကြေညာလိုက်ပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဘရမ်မန်ယမ်…

ထိုင်းရောက် မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေကို အများအသိအမှတ်ပြုရေး လှုပ်ရှားမှု စတင်

ဘန်ကောက်၊ မေ ၂၇ ထိုင်းနိုင်ငံရှိ မြန်မာနဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမားတွေကို အများ လက်ခံ အသိအမှတ်ပြုရေး လှုပ်ရှားမှု တစ်ခု မကြာခင် စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။ ထိုင်းဟာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်သန်းကျော်နဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်း အလုပ်သမား ငါးသိန်း လက်ခံထားတဲ့ နိုင်ငံ ဖြစ်ပေမယ့် သူတို့အများစုဟာ အများမမြင်သာဘဲ…

ရေးဘီလူးအဖွဲ့ စခန်းဌာနချုပ် လေကြောင်းဗုံးကြဲခံရ

ရေး၊ မေ ၂၇ မွန်ပြည်နယ် ရေးမြို့နယ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့ စခန်းဌာနချုပ်ကို အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲသွားတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ဒီကနေ့ မေ ၂၇ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ ရေးဘီလူးအဖွဲ့ စခန်းဌာနချုပ်ကို Y 12…