တနင်္သာရီတိုင်းမှာ စစ်တပ်လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာ
တနင်္သာရီ၊ မေ ၂၄ တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာပြီး မြေပြင်မှာလည်း စစ်ကြောင်းထိုးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ မေလဒုတိယအပတ်ကစလို့ တနင်္သာရီတိုင်းရဲ့ မြို့နယ်တွေဖြစ်တဲ့ သရက်ချောင်း၊ ပုလောနဲ့တနင်္သာရီမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ တနင်္သာရီတိုင်းအတွင်း အရင်က…
