ဝါရှင်တန်၊ မေ ၂၃

အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ တူလ်ဆီ ဂါဘက် ရာထူးကနေ နုတ်ထွက်ကြောင်း မေ ၂၂ ရက်မှာ ကြေညာပါတယ်။

အီရန်စစ်ပွဲနဲ့ ပတ်သက်လို့ သမ္မတ ဒေါ်နယ်ထရန့်နဲ့ အချင်းများပြီးနောက် ရာထူးက နုတ်ထွက်တာ ဖြစ်ပုံရတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အသက် ၄၅ နှစ်အရွယ် ဂါဘက်က အရိုးကင်ဆာ ဖြစ်ပွားနေကြောင်း မကြာသေးခင်ကမှ စစ်ဆေးတွေ့ရှိထားတဲ့ သူ့ရဲ့ အမျိုးသား အီဗရာဟင် ဝီလီယံကို စောင့်ရှောက်ရမှာ ဖြစ်တဲ့ အတွက် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ရာထူးကနေ နုတ်ထွက်တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

သူ့ရဲ့ အမျိုးသားဟာ လာမယ့် သီတင်းပတ်တွေမှာ ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဒေါ်နယ် ထရန်ဆီကို ပေးပို့ထားတဲ့ သူ့ရဲ့ စာမှာ ရေးသားထားပါတယ်။

အခုလို အချိန်မှာ အမျိုးသားကို စောင့်ရှောက်ပေးရမှာ ဖြစ်တာကြောင့် အစိုးရဌာနဆိုင်ရာ တာဝန်တွေ ထမ်းဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဒီမိုကရက် လွှတ်တော်အမတ်ဟောင်း ဂါဘက်ဟာ သူရဲ့ အမျိုးသားဖြစ်လာမယ့် သူနဲ့ ရုပ်ရှင် ရိုက်ကွင်း တစ်ခုမှာ တွေ့ဆုံပြီး လက်ထပ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

သူဟာ အမေရိကန်သမ္မတကို နိုင်ငံရဲ့ ထောက်လှမ်းရေး အေဂျင်စီ ၁၈ ခု ကိုယ်စား နေ့စဉ် အစီရင်ခံ တင်ပြနေရတာ ဖြစ်ပါတယ်။

ထရန့်က သူ့ကို ချီးကျူးပြီး သတိရနေမှာ ဖြစ်တယ်လို့ သူ့ရဲ့ လူမှုမီဒီယာ အကောင့်မှာ ရေးသားထားပါတယ်။

သူ့ရဲ့ လက်ထောက် အာရွမ် လူးကပ်စ်က အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် ယာယီ တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သမ္မတ ထရန့်က ပြောပါတယ်။

ဂါဘက်ဟာ ထရန့်အစိုးရအဖွဲ့ကနေ နုတ်ထွက်တဲ့ အမျိုးသမီးတွေထဲမှာ စတုတ္ထမြောက် အစိုးရ အဖွဲ့ဝင် ဖြစ်ပါတယ်။

ထရန့်က အမိမြေ လုံခြုံရေးဌာန အကြီးအကဲ ခရစ္စတီ နိုအမ်ကို မတ်လနဲ့ အစိုးရ ရှေ့နေချုပ် ပမ်ဘွန်ဒီကို ဧပြီလက ထုတ်ပယ်ခဲ့ပါတယ်။

အလုပ်သမားဝန်ကြီး လိုရီ ချာဗက်ဇ် ဒီရီမာလည်း အရှုပ်တော်ပုံတွေနဲ့ ကြုံပြီး ဧပြီလက ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.