တနင်္သာရီ တကူရွာကို စစ်တပ် ဗုံးထပ်ကြဲ
တနင်္သာရီ၊ မေ ၁၉ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ပါရာမော်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၆ ရက်နေ့ နေ့လယ်ပိုင်းမှာ မြိတ်လေတပ်ကနေ ပျံတက်လာတဲ့ ပါရာမော်တာ ငါးစီးထဲမှ နှစ်စီးဟာ တကူးကျေးရွာအုပ်စုရှိ ခြောက်အိမ်စုကျေးရွာနဲ့ ကျောက်တောင်ကျေးရွာတို့ကို ဗုံးကြဲသွားတာပါ။ ဗုံးကြဲမှုကြောင့် ခြောက်အိမ်စုကျေးရွာရှိ…
