အုတ်ဖိုပြည်သူ့စစ်စခန်း ဝင်တိုက်ခံရလို့ နှစ်ဦးသေဆုံး
အုတ်ဖို၊ မေ ၁၂ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အေးမြသာယာမြို့သစ်အဝင်က ပြည်သူ့စစ်စခန်း ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။ စစ်တပ်လက်အောက်ခံ အဲဒီပြည်သူ့စစ်စခန်းကို မေ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ…
