May 6, 2026

ဘီးလင်း ဝင်းတာပန်တိုက်ပွဲမှာ စစ်တပ်က စက်တပ်လေထီး ပိုသုံးလာ

ဘီးလင်း၊ မေ ၆ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကော်မရှင်တပ်က စက်တပ်လေထီး ပါရာမိုတာနဲ့ နေ့စဉ် ဗုံးကြဲမှုတွေ လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဝင်းတာပန်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဧပြီ ၁၄ ရက်နေ့ကစလို့ စခန်သိမ်းတိုက်ပွဲ ဆင်နွှဲနေတာပါ။ စခန်းသိမ်းတိုက်ပွဲအတွင်း…

မော်လူးမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်

မော်လူး၊ မေ ၆ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးခဲ့တဲ့ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ဒီကနေ့ထုတ် စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့မှာ အင်းတော်မြို့ကို ပြန်လည်သိမ်းပိုက်ပြီးနောက် မြို့နဲ့ မိုင် ၂၀ အကွာမှာရှိတဲ့ မော်လူးမြို့ကို ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ တစ်ပတ်နီးပါးအကြာ…

အီရန်ကို တိုက်ခိုက်မှု ပြီးဆုံးခဲ့ပေမယ့် စစ်အင်အားသုံးမှုကိုတော့ ရွေးချယ်စရာ တစ်ခုအနေနဲ့ထားရှိဆဲပဲလို့ အမေရိကန် သတိပေး

ဝါရှင်တန်၊ မေ ၆ အီရန်ကို အမေရိကန်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြီးဆုံးပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက မေ ၅ ရက်မှာ ပြောလိုက်ပါတယ်။ ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောတွေကို အီရန်က ထပ်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ဖျက်အားပြင်းတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ အသင့်ပြင်ထားတယ်လို့လည်း အမေရိကန်က သတိပေးထားပါတယ်။ အီရန် စစ်ဆင်ရေး ပြီးဆုံးပြီ…

မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ တွေ့ဆုံပေးရေး ထိုင်း စီစဉ်

ဘန်ကောက် ၊ မေ ၆ မြန်မာ နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို တွေ့ဆုံဖို့ စီစဉ်ထားကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မေ ၅ ရက်မှာ ပြောပါတယ်။ ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ စစ်တပ်ထောက်ခံတဲ့ အစိုးရသစ်နဲ့ ပိုမို စေ့စပ် ဆက်ဆံရေး အာဆီယံအဖွဲ့တွင်း ဘုံသဘောတူညီချက် တည်ဆောက်ဖို့ ရည်ရွယ်ပြီး အခုလို စီစဉ်တာ…