ဝါရှင်တန်၊ မေ ၆

အီရန်ကို အမေရိကန်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြီးဆုံးပြီ ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက မေ ၅ ရက်မှာ ပြောလိုက်ပါတယ်။

ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောတွေကို အီရန်က ထပ်ပြီး တိုက်ခိုက်နေမယ်ဆိုရင် ဖျက်အားပြင်းတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်ဖို့ အသင့်ပြင်ထားတယ်လို့လည်း အမေရိကန်က သတိပေးထားပါတယ်။

အီရန် စစ်ဆင်ရေး ပြီးဆုံးပြီ ဖြစ်ပါတယ်။ အဲဒီ စစ်ဆင်ရေးရဲ့ ဦးတည်ချက်တွေ အောင်မြင်အောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်လို့ ဝန်ကြီး ရူဘီယိုက ပြောပါတယ်။

ငြိမ်းချမ်းရေး လမ်းကြောင်းကို ကျွန်တော်တို့ ပိုသဘောကျပါတယ်။ သမ္မတ သဘောကျတာကတော့ သဘောတူညီချက် တစ်ရပ် ဖြစ်ပါတယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

အမေရိကန် စစ်ဖက်ဆိုင်ရာ ထိပ်တန်း အရာရှိ တစ်ဦးက မိမိတို့ကို အမိန့်ပေးလာမယ်ဆိုရင် တိုက်ခိုက်မှုတွေ ပြန်စဖို့ အမေရိကန် တပ်ဖွဲ့တွေ အသင့်ရှိနေဆဲ ဖြစ်ကြောင်း ပြောကြားပြီးနောက် ဝန်ကြီး ရူဘီယိုက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အရေးပါတဲ့ ရေလက်ကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ပျက်ပြယ်လွယ်တဲ့ အပစ်အတ်ရပ်စဲမှု လမ်းချော်သွားနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

အဲဒီ ရေလက်ကြားမှာ မိမိတို့ ခွင့်ပြုထားတဲ့ လမ်းကြောင်းကနေ သင်္ဘောတွေ လမ်းခချော်ပြီး ခုတ်မောင်းမယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ အီရန် တော်လှန်ရေး အစောင့်တပ် ရေတပ်က သတိပေးထားပါတယ်။

ဒီအတောအတွင်း ယူအေအီးက အီရန် ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို နှစ်ရက်ဆက်တိုက် ကြားဖြတ် တားဆီးနေရတယ်လို့ ပြောထားပါတယ်။

ဒါပေမဲ့ အီရန် စစ်တပ်က မိမိတို့အနေနဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှု ဒါမှမဟုတ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှု မရှိဘူးလို့ ပြောထားပါတယ်။

အီရန်နဲ့ သဘောတူညီမှု တစ်ရပ် ရယူရေး တွန်းအားပေးတဲ့အနေနဲ့ ဟောမု့ဇ် စစ်ဆင်ရေးကို အမေရိကန်က ရပ်တန့်မှာ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးက အီရန် အပစ်အခတ် ရပ်စဲမှု အသက်ဝင်နေဆဲ ဖြစ်ပြီး အမေရိကန်က တိုက်ခိုက်ဖို့ ပြင်ဆင်နေတာ မရှိဘူးလို့ ပြောထားတာပါ။

မေ ၄ ရက်က အမေရိကန် တပ်ဖွဲ့တွေကို အီရန်က ဒုံးကျည်တွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ ပါတယ်။

ဟောမု့ဇ် ရေလက်ကြားမှာ သင်္ဘောတွေ ခုတ်မောင်းသွားလာမှုကို ခြိမ်းခြောက်နေတဲ့ အီရန် ရေယာဉ် ၆ စီးကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်က ပြောပြီး တစ်လကြာ အပစ်ရပ်ပြီး နောက်ပိုင်း တင်းမာမှု သိသိသာသာ မြင့်တက်လာပါတယ်။

အီရန် လွှတ်တော် ဥက္ကဋ္ဌ မိုဟာမက် ဘာဂျာ ဂါလီဘက်က မိမိတို့ နှစ်နိုင်ငံကြား လက်ရှိ အခြေအနေကို သည်းမခံနိုင်ဘူးလို့ ပြောကြားပြီး ဟောမု့ဇ် ရေလက်ကြားကို ဆက်လက်ပိတ်ထားမယ်လို့ ပြောပါတယ်။

အစ္စရေးနဲ့ အမေရိကန်က အီရန်ကို တိုက်ခိုက်မှုကြောင့် စစ်ပွဲ စတင်လာပြီး အီရန်က ကမ္ဘာ့ လောင်စာ အတွက် အရေးကြီးတဲ့ ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားတာကြောင့် နိုင်ငံအများမှာ လောင်စာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.