တောင်ကိုရီးယား သမ္မတဟောင်း ထောင်တစ်သက်တစ်ကျွန်း ချမှတ်ခံရ
ဆိုးလ်၊ ဖေဖော်ဝါရီ ၁၉ တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ဟာ တော်လှန်ပုန်ကန်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူ့ကို ထောင်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာက မအောင်မြင် ဖြစ်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှုနဲ့ ပတ်သက်လို့ အသက် ၆၅ နှစ်အရွယ် သမ္မတဟောင်း ယွန်မှာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။…
