ဆိုးလ်၊ ဖေဖော်ဝါရီ ၁၉
တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယိုလ်ဟာ တော်လှန်ပုန်ကန်မှုကို နောက်ကွယ်က ကြိုးကိုင်ခဲ့တယ်လို့ တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် သူ့ကို ထောင်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာက မအောင်မြင် ဖြစ်ခဲ့တဲ့ စစ်အုပ်ချုပ်ရေး ဥပဒေကြေညာမှုနဲ့ ပတ်သက်လို့ အသက် ၆၅ နှစ်အရွယ် သမ္မတဟောင်း ယွန်မှာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ ၆ နာရီပဲ ကြာမြင့်ခဲ့ပေမယ့် နိုင်ငံကို တုန်လှုပ်သွားစေခဲ့ပြီး ရွေးကောက်ပွဲမှာ သူ့ရဲ့ပါတီလည်း ပေးဆပ်ခဲ့ရပါတယ်။
သူ့ရဲ့ လုပ်ရပ်ကြောင့် တောင်ကိုရီးယားမှာ သဘောထားကွဲလွဲမှုတွေ ကြီးကြီးမားမား ဖြစ်စေခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်အထိ သမ္မတဟောင်း ယွန်ကို ထောက်ခံသူတွေ ဆန္ဒပြခဲ့ကြ ပါတယ်။
ယွန်ဟာ သူ့ရဲ့ စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုနဲ့ ပတ်သက်လို့ ထောင်ဒဏ် ကျခံနေရချိန်မှာ တစ်သက်တစ်ကျွန်းထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
အဲဒီတုန်းက သမ္မတဟောင်းရဲ့ စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာချက်ကို ပယ်ချဖို့ လွှတ်တော်အမတ်တွေ စုဝေးချိန်မှာ လက်နက်ကိုင် စစ်သားတွေက လွှတ်တော်ကို ဝိုင်းထားခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ပြီး ပယ်ချခဲ့ကြတာ ဖြစ်ပါတယ်။
သူ့ကို မကြာခင်မှာပဲ လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး နောက်ပိုင်းမှာ ဖမ်းဆီးပြီး စွဲချက်တွေ အများကြီးနဲ့ ရုံးတင် စစ်ဆေးခဲ့တာပါ။
ဖေဖော်ဝါရီ ၁၉ ရက်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အတွက် စွဲချက်ဟာ သူ့အပေါ် စွဲတင်ထားတဲ့ စွဲချက်တွေထဲမှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။
သူဟာ မဲဆွယ်ရေး ဥပဒေကို ချိုးဖောက်မှုဖို့ ရန်သူ့ နိုင်ငံကို ကူညီမှု စွဲချက်နဲ့လည်း နောက်ထပ်အမှု ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
သူနဲ့အတူ တခြား အရာရှိတွေလည်း စွဲချက်ကိုယ်စီနဲ့ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိထားပြီး သူတို့ထဲမှာ ကာကွယ်ရေးဝန်ကြီးနဲ့ ရဲချုပ်ဟောင်းတစ်ဦးလည်း ပါဝင်ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက် ချမှတ်တဲ့ ပြစ်ဒဏ်ကြောင့် သမ္မတဟောင်းရဲ့ နိုင်ငံရေးသမားဘဝကို အဆုံးသတ်စေဦးမှာ မဟုတ်ဘူးလို့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
သူ့နဲ့ သူ့ရဲ့ အရာရှိတွေက ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်တွေအတွက် အယူခံဝင်သွားဖို့ ရှိနေတယ်လို့ သတင်းထောက်တွေက ပြောဆိုနေကြပါတယ်။
Ref:BBC

