အခွန် ၁၉ ရာခိုင်နှုန်းအထိ လျှော့ချဖို့ အမေရိကန်နဲ့ အင်ဒိုနီးရှား သဘောတူ
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၀ အင်ဒိုနီးရှားအပေါ် အမေရိကန်က အခွန် ၃၂ ရာခိုင်နှုန်းကနေ ၁၉ ရာခိုင်နှုန်းသို့ လျှော့ချကောက်ခံရေး သဘောတူညီမှု တစ်ရပ်ကို အပြီးသတ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အမေရိကန်အစိုးရနဲ့ အင်ဒိုနီးရှားအစိုးရတို့က ပြောပါတယ်။ အဲဒီ သဘောတူညီမှုအရ အင်ဒိုနီးရှားက အမေရိကန် သွင်းကုန် ၉၉ ရာခိုင်နှုန်းကျော် အပေါ် ကုန်သွယ်ရေး အတားအဆီးတွေ လျှော့ချပေးမှာ…
