January 7, 2026

စစ်အာဏာသိမ်း (၁၈၀၂)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၆၉) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၈ AAPP ရဲ့ ဇန်နဝါရီ ၇ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၂) ရက်အတွင်း ပြည်သူ (၇၆၆၉) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၃၅) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၄၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ပြည်သူတွေ အကြောက်တရားနဲ့ မဲထည့်ခဲ့တာလား

နေပြည်တော် ၊ ဇန်နဝါရီ ၈ စစ်တပ် ဦးဆောင်ကျင်းပတဲ့ အပိုင်းလိုက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပျက်ပြားအောင် လုပ် ဆောင်တဲ့ စွပ်စွဲချက်နဲ့ အွန်လိုင်းရော မြေပြင်မှာပါ စစ်ကော်မရှင်က အရေးယူထားသူပေါင်း ၃၃၀ ကျော် ရှိလာပြီလို့ ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်အထိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းနဲ့…

မော်လမြိုင်မြို့မှာ အုပ်ချုပ်ရေးမှူးဖြစ်ရေး အခုကတည်းက ငွေပေးလိုက်နေကြ

မော်လမြိုင် ၊ ဇန်နဝါရီ ၈ မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် ရပ်ကွက်တချို့မှာ ရွေးကောက်ပွဲပြီးနောက် စစ်ကော်မရှင် ပြန်လည်ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ လက်အောက်ခံ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ရာထူးရဖို့အတွက် အခုကတည်းက ငွေပေးလိုက်နေကြတယ်လို့ အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်ကော်မရှင်ဟာ သူတို့ ကျင်းပနေတဲ့ ရွေးကောက်ပွဲပြီးတဲ့နောက် အစိုးရသစ်ဖွဲ့စည်းပြီးပါက သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာ…

ထားဝယ်အရှေ့တောဒေသရှိ တော်လှန်ရေးတပ်ဖွဲ့ စခန်းတစ်ခု သိမ်းပိုက်ခံရ

ထားဝယ်၊ ဇန်နဝါရီ ၈ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ သင်္ကန်းတုံးကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့စခန်းတစ်ခု သိမ်းပိုက်ခံလိုက်ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ သင်္ကန်းတုန်းကျေးရွာအနီးရှိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတစ်ခုကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလာပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီနီးပါးအကြာ…

အမေရိကန်တပ်တွေ လိုက်နေတဲ့ ရေနံတင်သင်္ဘောကို စောင့်ကြပ်ပေးဖို့ ရုရှားက စစ်သင်္ဘောတွေ စေလွှတ်

ဝါရှင်တန်၊ ဇန်နဝါရီ ၇ အတ္တလန္တိတ်သမုဒ္ဒရာမှာ အမေရိကန်တပ်ဖွဲ့တွေ လိုက်နေတဲ့ ရေနံတင်သင်္ဘော တစ်စီးကို လိုက်ပါ စောင့်ကြပ်ပေးရေး ရုရှားက ရေတပ်သင်္ဘောတွေ စေလွှတ်ထားကြောင်း CBS News သတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိ ဘာတစ်ခုမှ တင်ဆောင်မထားတဲ့ အဲဒီ သင်္ဘောဟာ ဗင်နီဇွဲလား ရေနံစိမ်းတွေကို တင်ပို့လေ့ရှိတဲ့ ရာဇဝင်ရှိပြီး ဇန်နဝါရီ ၆ ရက်မှာ စကော့တလန်နဲ့…

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ တားဆီးရေး ကူညီပေးဖို့ တရုတ်ကို တောင်ကိုရီးယား တိုက်တွန်း

ရှန်ဟိုင်း၊ ဇန်နဝါရီ ၇ မြောက်ကိုရီးယားရဲ့ နျူကလီးယား စီမံကိန်းကို တားဆီးရေး မိမိကို ကူညီပေးဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်အား တိုက်တွန်းခဲ့ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေးမြောင်က ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်တဲ့ လက်နက်တွေ တီထွင်ထုတ်လုပ်နေမှုကို အခြေအနေပေးရင် တားဆီးလို့ရနိုင်တယ်လို့ သမ္မတ လီဂျေးမြောင်က ပြောပါတယ်။ ပြီးခဲ့တဲ့…

စစ်ကော်မရှင်ခန့် ကရင်ဝန်ကြီးချုပ် ရွေးကောက်ပွဲ အနိုင်ရတယ်လို့ ကြေညာ

ဘားအံ၊ ဇန်နဝါရီ ၇ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရွေးကောက်ပွဲ အနိုင်ရတယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။ စစ်ကော်မရှင်ခန့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ဘားအံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး ပြိုင်ဘက်ပါတီတွေကို မဲရလဒ် အပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တာပါ။ ဘားအံမြို့နယ်…

ရေးမှာ ကျောင်းအုပ်ကြီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီး

ရေး၊ ဇန်နဝါရီ ၇ မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာ အထက်တန်းကျောင်းခွဲရဲ့ ကျောင်းအုပ်ကြီး ဦးသူရထွန်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ကျောင်းရွာကနေ မုဒုံမြို့ကို ပြန်လာတဲ့ အသက် ၅၈ နှစ်အရွယ် ကျောင်းအုပ်ကြီး ဦးသူရထွန်းကို ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့…

ရေးမှာ ကျောင်းအုပ်ကြီးတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့တွေ ဖမ်းဆီး

ရေး၊ ဇန်နဝါရီ ၇ မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာ အထက်တန်းကျောင်းခွဲရဲ့ ကျောင်းအုပ်ကြီး ဦးသူရထွန်းကို တော်လှန်ရေးတပ်ဖွဲ့တစ်ခု ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်နေ့က ကျောင်းရွာကနေ မုဒုံမြို့ကို ပြန်လာတဲ့ အသက် ၅၈ နှစ်အရွယ် ကျောင်းအုပ်ကြီး ဦးသူရထွန်းကို ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ ဖမ်းဆီးခံလိုက်ရတဲ့…

စစ်ဖက်အတွက် အသုံးချနိုင်တဲ့ ကုန်စည်တွေ ဂျပန်သို့ တင်ပို့မှု တရုတ် တားမြစ်

ဘေဂျင်း၊ ဇန်နဝါရီ ၇ ဂျပန်ရဲ့ စစ်ဖက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက်လည်း အသုံးပြုလို့ရတဲ့ နှစ်မျိုးသုံး ကုန်စည်တွေ ဂျပန်သို့ တင်ပို့မှုကို တရုတ်က ဇန်နဝါရီ ၆ ရက်မှာ တားမြစ်လိုက်ပါတယ်။ တရုတ်က သူတို့ရဲ့ အချုပ်အခြာ အာဏာပိုင် နယ်မြေ ဖြစ်တယ်လို့ ပြောထားတဲ့ ကိုယ်ပိုင် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်နဲ့ပတ်သက်လို့ နှစ်နိုင်ငံ တင်းမာမှု…