October 2025

အာဏာသိမ်းလိုက်ပြီလို့ မာဒါဂတ်စကာ စစ်တပ် ပြော

အန်တာနာနာရီဗို၊ အောက်တိုဘာ ၁၅ အိန္ဒိယသမုဒ္ဒရာထဲရှိ ကျွန်းနိုင်ငံ မာဒါဂတ်စကာမှာ လူငယ်တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ သီတင်းပတ်များစွာကြာ ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ အန်ဒရေး ရာဂျိုးလီနာဆီကနေ နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ပြီလို့ ထိပ်တန်း စစ်ဖက်ဆိုင်ရာတပ်ဖွဲ့က ပြောလိုက်ပါတယ်။ မိမိတို့ စစ်တပ်အနေနဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းပြီးတော့ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပပေးသွားမှာ ဖြစ်ကြောင်း ထိပ်တန်းတပ်ဖွဲ့ CAPSAT…

ထိုင်း-မြန်မာနယ်စပ်က ထီးခီးရွာ ဆက်တိုက်ဗုံးကြဲခံနေရ

ထားဝယ်၊ အောက်တိုဘာ ၁၅ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာတယ်လို့ KNU ဗဟိုထံကနေ သိရပါတယ်။ စစ်ကော်မရှင်တပ်ဟာ မနေ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ ထီးခီးကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ လေကြောင်းကနေ ဗုံး ၄ လုံးထက်မနည်း လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။…

သရက်ချောင်းမှာ စစ်ကြောင်းဝင်ပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ခံရ

သရက်ချောင်း၊ အောက်တိုဘာ ၁၅ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် နေအိမ် ၅၀ ကျော် မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရာနဲ့ချီတဲ့ နေအိမ်တွေ မွှေနှောက်ခံထားရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ် ရန်တောင်ရွာကတဆင့် ကင်းရှေ့၊ ကျောက်လှေကား၊ မိုးရွှေကုန်းနဲ့စော်ဖျားရွာတို့ကို စစ်ကြောင်းပတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ စစ်ကြောင်းဝင်တဲ့…

စစ်အာဏာသိမ်း (၁၇၁၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၇၃) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁၅ AAPP ရဲ့ အောက်တိုဘာ၁၄ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၁၇) ရက်အတွင်း ပြည်သူ (၇၃၇၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၂၀) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၀၆) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ပါတီကြီးတချို့ စည်းရုံးရေးဆင်းနေတဲ့အပေါ် ပါတီငယ်တွေ ဘာပြောလဲ

မော်လမြိုင် ၊ အောက်တိုဘာ ၁၅ စစ်ကော်မရှင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေးအတွက် အချိန်ကာလ မကြေညာရသေးပေမယ့် ပါတီကြီးတချို့ကတော့ စည်းရုံးရေးဆင်းနေကြပါတယ်။ အထူးသဖြင့် စစ်တပ်ကျောထောက်နောက်ခံပြုထားပြီး စစ်အရာရှိတွေ ရာနဲ့ချီ ယူနီဖောင်းချွတ်ကာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီဟာ တွေ့ဆုံပွဲနဲ့ အလှူအခမ်းအနားအကြောင်းပြပြီး မြေပြင်မှာရော ဆိုရှယ်မီဒီယာမှာပါ ပါတီစည်းရုံးရေး လုပ်ဆောင်နေတာပါ။ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကလည်း…

မွန်ပြည်နယ်မှာ နေလှန်းဆားဈေး စံချိန်တင်မြင့်တက်နေပေမယ့် တောင်သူလက်ဝယ် ဆားမရှိ

မော်လမြိုင် ၊ အောက်တိုဘာ ၁၅ မွန်ပြည်နယ်မှာ နေလှန်းဆားကြမ်း တစ်ပိဿာကို ကျပ် ၁၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်နေပေမယ့် တောင်သူတွေ လက်ဝယ် ဆားမရှိတဲ့အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆားတောင် သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နေလှန်ဆားကြမ်းဟာ ဆားစတင် ထွက်ရှိချိန် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း တစ်ပိဿာကို ကျပ် ၁၄၀ ဝန်းကျင်သာရရှိခဲ့ရာမှ လက်ရှိ…

ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်တပ်နဲ့ ခွဲထွက် DKBA အဖွဲ့ စစ်ကြောင်းဆက်ထိုးနေ

ကော့ကရိတ်၊ အောက်တိုဘာ ၁၅ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေထဲကို စစ်ကော်မရှင်တပ်နဲ့ ခွဲထွက် DKBA အဖွဲ့တို့ စစ်ကြောင်းဆက်လက်ထိုးနေပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နဘူး-ကော့ကရိတ်လမ်းပိုင်းနဲ့ ကျုံဒိုး-နဘူးလမ်းပိုင်းတွေကို စစ်ကော်မရှင်တပ်က စိုးမိုးထိန်းချုပ်နိုင်ပြီးတဲ့နောက် ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ရွာကနေတစ်ဆင့် အောက်ဘိုတဲ၊ ဒေါနတောင်ပေါ်လမ်းဟောင်းအထိ ဦးတည်ပြီး အောက်တိုဘာလ ဒုတိယအပတ်ကစလို့ စစ်ကြောင်းထိုးလာခဲ့တာပါ။ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်၊…

မြန်မာက ကျားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်လို့ Starlink ကို အမေရိကန် လွှတ်တော် ကော်မတီ စုံစမ်း စစ်ဆေးနေ

ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ကမ္ဘာတဝန်း လူသန်းပေါင်းများစွာဆီက ဒေါ်လာ ဘီလီယံပေါင်းများစွာ လိမ်လည်ရယူနေတဲ့ မြန်မာ ကျားဖြန့် စင်တာတွေကို အင်တာနက် ဝန်ဆောင်မှုပေးရာမှာ သူဌေးကြီး အီလွန်မက်စ်ရဲ့ Starlink ဂြိုဟ်တုလုပ်ငန်း ပါဝင်နေမှုကို စတင် စုံစမ်း စစ်ဆေးနေပြီ ဖြစ်ကြောင်း အမေရိကန် လွှတ်တော်ရှိ သြဇာကြီးမားတဲ့ ပါတီနှစ်ရပ်ပေါင်း ကော်မတီ တစ်ခုက ပြောကြား ပါတယ်။…

ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးပွဲ ထရန့် တက်ရောက်မယ်

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၄ လာမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ထိုင်းနဲ့ကမ္ဘောဒီးယား ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်မှာ ဖြစ်ကြောင်း အိမ်ရှင် မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ထိုင်းနဲ့ ကမ္ဘောဒီးယားကြား ပြီးခဲ့တဲ့ ဇူလိုင်လက တင်းမာမှုတွေဟာ ဆယ်စုနှစ်များစွာအတွင်း…

ပုလော မင်းပြင်ရွာကို စစ်ကော်မရှင်တပ် မီးထပ်ရှို့

ပုလော၊ အောက်တိုဘာ ၁၄ တနင်္သာရီတိုင်း ပုလောမြို့နယ် မင်းပြင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က အရပ်သားပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ထပ်မံပြုလုပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းမှာ ပလမြို့အနီးရှိ မင်းပြင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်က ကျေးရွာအတွင်းရှိ နေအိမ်တွေကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တာပါ။ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် မင်းပြင်ကျေးရွာက နေအိမ်…