October 21, 2025

စစ်အာဏာသိမ်း (၁၇၂၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၃၉၃) ဦးအထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၂ AAPP ရဲ့ အောက်တိုဘာ၂၁ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၂၄) ရက်အတွင်း ပြည်သူ (၇၃၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၈၄၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၃၁၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

စစ်ကော်မရှင် ရွေးကောက်ပွဲမှာ လုံခြုံရေးကြောင့် စီတန်းလှည့်လည်ခွင့် ပိတ်ပင်ခံရ

မော်လမြိုင် ၊ အောက်တိုဘာ ၂၂ စစ်ကော်မရှင် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ လုံခြုံရေးကြောင့် စီတန်းလှည့်လည်ခွင့် မရှိပေမယ့် စည်းကမ်းချက်နဲ့အညီ လူစုလူဝေးနဲ့ စည်းရုံးလို့ရတယ်လို့ ကော်မရှင်နဲ့ ပါတီတချို့ကနေ သိရပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် စုဝေးဟောပြောတာနဲ့ မဲဆွယ်စည်းရုံးတာတွေကို အောက်တိုဘာ ၂၈ ကနေ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ…

မွန်ပြည်နယ်မှာ စစ်တပ်စစ်ကြောင်းတွေကြောင့် ရော်ဘာအစေးခြစ်ဖို့ အခက်ကြုံ

မော်လမြိုင် ၊ အောက်တိုဘာ ၂၂ မွန်ပြည်နယ်မှာ ရော်ဘာလုပ်ငန်းတွေ ပြန်စနေကြပေမယ့် အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ စစ် ကြောင်းတွေကြောင့် ရော်ဘာအစေးခြစ်ဖို့ အခက်ကြုံနေရတယ်လို့ ရော်ဘာတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဒေသတွင်းက မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ရေးမြို့နယ်တို့အပါအဝင် မြို့နယ်အများစုမှာ စစ်ကော်မရှင်တပ်ဟာ ရော်ဘာခြံတွေအတွင်း တပ်စွဲတာ၊ စစ်ကြောင်းဝင်ရောက်လာတာ၊ ကင်းပုန်းဝပ်တာတွေ ရှိနေပါတယ်။ အခုလို ရော်ဘာခြံတွေအတွင်း…

ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်တပ်ဆက်တိုက်ဗုံးကြဲနေ

ကော့ကရိတ်၊ အောက်တိုဘာ ၂၂ ကရင်ပြည်နယ် ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေကို စစ်ကော်မရှင်တပ် လေကြောင်းဗုံး ကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတဲ့အတွက် ဘုန်းကြီးကျောင်းနဲ့ နေအိမ်အဆောက် အဦးတွေ ဗုံးထိမှန်ခဲ့ပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြောက်ပိုင်း KNU တပ်မဟာ ၇ နယ်မြေထဲမှာရှိတဲ့ ကျေးရွာတွေထဲကို စစ်ကော်မရှင်တပ်၊ BGF ၊ ဗိုလ်ဘိဦးဆောင်တဲ့ ခွဲထွက် DKBA…

ဆာနေး တာကာအီချီ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ

တိုကျို အောက်တိုဘာ ၂၁ ဆာနေး တာကာအီချီဟာ သမိုင်းဝင် ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာပါတယ်။ ဂျပန်နိုင်ငံရဲ့ သံမဏိအမျိုးသမီးလို့ လူတွေ သိထားကြတဲ့ အသက် ၆၄ နှစ်အရွယ် ကွန်ဆာဗေးတစ် အမျိုးသမီးဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာကို လေးစားအားကျသူ ဖြစ်ပါတယ်။ ဒါဟာ ဂျပန်ခေါင်းဆောင် ဖြစ်လာဖို့ သူ့ရဲ့…

ရုရှားကို နယ်မြေ အများအပြား ပေးလိုက်ဖို့ ယူကရိန်း သမ္မတကို ထရန့် တိုက်တွန်း

ဝါရှင်တန်၊ အောက်တိုဘာ ၂၁ အောက်တိုဘာ ၁၈ ရက်က အချေအတင် ဆွေးနွေးမှုအတွင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေ အများအပြားကို လက်လွှတ်ပေးလိုက်ဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို တိုက်တွန်းခဲ့တာကြောင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ စိတ်ပျက်ခဲ့ရကြောင့် အဲဒီ တွေ့ဆုံမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။…

ရေးမှာ သတင်းထောက်လှမ်းနေတဲ့ ပြည်သူ့စစ်လင်မယားနှစ်ဦး ဖမ်းဆီးရမိ

ရေး၊ အောက်တိုဘာ ၂၁ မွန်ပြည်နယ် ရေးမြို့နယ် တောင်စွန်းကျေးရွာမှာ တော်လှန်ရေးတပ်ဖွဲ့ သတင်း လိုက်လံထောက်လှမ်းနေတဲ့ ပြည်သူ့စစ်လင်မယားနှစ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီအချိန်လောက်က တောင်စွန်းကျေးရွာအနီး ရော် ဘာခြံတစ်ခုမှာ နေထိုင်ပြီး တော်လှန်ရေးတပ်ဖွဲ့ သတင်းထောက်လှမ်းနေတဲ့ ပြည်သူ့စစ် လင်မယား…

အမေရိကန်နဲ့ သြစတြေးလျ မြေရှားသတ္တုဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုး

ဝါရှင်တန်၊ အောက်တိုဘာ ၂၁ မြေရှားဈေးကွက်မှာ တရုတ် ကြီးစိုးထားမှုကို တိုက်ဖျက်ရေး ထရန့်အစိုးရက နည်းလမ်း ရှာဖွေနေချိန် အမေရိကန်နဲ့ သြစတြေးလျတို့ မြေရှားသတ္တုနဲ့ တခြား အရေးကြီးတဲ့ သတ္တုများ ထောက်ပံ့မှု အားကောင်းလာစေဖို့ ရည်ရွယ်တဲ့ သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။ သြစတြေးလျရဲ့ မိုင်းတွင်းလုပ်ငန်းနဲ့ သန့်စင်ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်မယ့် ဒေါ်လာ ၈ ဒသမ ၅…

တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ် အစည်းအဝေးမှာ လာမယ့် ၅ နှစ်တာ အစီအစဉ် သမ္မတ ရှီ ရှင်းလင်း

ဘေဂျင်း၊ အောက်တိုဘာ ၂၁ နိုင်ငံကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီရဲ့ အောက်တိုဘာ ၂၀ ရက် အဓိက အစည်းအဝေး စတင်တဲ့ရက်က မိန့်ခွန်းပြောကြားရာမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က လာမယ့် ၅ နှစ်အတွက် တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေကို ချပြထားတဲ့ အစီအစဉ် အကြမ်း တစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။ ၂၀၂၆-၂၀၃၀ အထိ ဆောင်ရွက်သွားမယ့် အမျိုးသားစီးပွားရေးနဲ့ လူမှုရေး…

မိုင်းငေါ့မြို့မှာ စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သားနှစ်ဦး သေဆုံး

မိုင်းငေါ့၊ အောက်တိုဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့မှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ထုတ်ပြန်ပါတယ်။ မနေ့ အောက်တိုဘာ၂၀ ရက်နေ့ ည ၈ နာရီအချိန်လောက်မှာ မိုင်ငေါ့မြို့ မြို့မဈေးအနီးကို စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။ စစ်ကော်မရှင်ရဲ့…