ပါတီကြီးတချို့ စည်းရုံးရေးဆင်းနေတဲ့အပေါ် ပါတီငယ်တွေ ဘာပြောလဲ
မော်လမြိုင် ၊ အောက်တိုဘာ ၁၅ စစ်ကော်မရှင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို မဲဆွယ်စည်းရုံးရေးအတွက် အချိန်ကာလ မကြေညာရသေးပေမယ့် ပါတီကြီးတချို့ကတော့ စည်းရုံးရေးဆင်းနေကြပါတယ်။ အထူးသဖြင့် စစ်တပ်ကျောထောက်နောက်ခံပြုထားပြီး စစ်အရာရှိတွေ ရာနဲ့ချီ ယူနီဖောင်းချွတ်ကာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ကြမယ့် ကြံ့ခိုင်ရေးပါတီဟာ တွေ့ဆုံပွဲနဲ့ အလှူအခမ်းအနားအကြောင်းပြပြီး မြေပြင်မှာရော ဆိုရှယ်မီဒီယာမှာပါ ပါတီစည်းရုံးရေး လုပ်ဆောင်နေတာပါ။ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးခင်ရီကလည်း…
