September 2025

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မြန်မာ စစ်ခေါင်းဆောင်တွေကို အမေရိကန် ဖိအားပေးဖို့ ဆန္ဒပြတောင်းဆို

ဝါရှင်တန်၊ စက်တင်ဘာ ၂၉ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မြန်မာ စစ်ခေါင်းဆောင်တွေကို အမေရိကန်က ဖိအားပေးဖို့ ဒုတိယအကြိမ်အဖြစ် အိမ်ဖြူတော်ရှေ့မှာ စက်တင်ဘာ ၂၇ ရက်က လူအများ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ထောင်ထဲမှာ နှလုံးရောဂါဒဏ် ခံစားနေရတယ်လို့ ကြားသိရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဆိုးရွားနေပြီး…

လာဘ်ပေးလာဘ်ယူမှုနဲ့ တရုတ် စိုက်ပျိုးရေးဝန်ကြီးဟောင်း ဆိုင်းငံ့ သေဒဏ် ချမှတ်ခံရ

ဘေဂျင်း၊ စက်တင်ဘာ ၂၉ တရုတ်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ကျေးလက်ရေးရာဝန်ကြီး တန်ရန်ကျင်းကို ကျီးလင်ပြည်နယ်ရှိ တရားရုံး တစ်ရုံးက လာဘ်ပေးလာဘ်ယူမှုနဲ့ စက်တင်ဘာ ၂၈ ရက်မှာ ဆိုင်းငံ့သေဒဏ် ချမှတ်လိုက်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြပါတယ်။ ဝန်ကြီးဟောင်း တန်ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း ရရှိခဲ့တဲ့ ရာထူးနေရာ အမျိုးမျိုးမှာ တရုတ် ယွမ်ငွေ ၂၆၈…

ပုလောမှာ ဘုန်းကြီးကျောင်းထဲ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်တိုက်ခံရပြီး နှစ်ဦး သေဆုံး

ပုလော၊ စက်တင်ဘာ ၂၉ တနင်္သာရီတိုင်း ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ဝင်ရောက်တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ KNLA တပ်မဟာ (၄) အထူးတပ်ဖွဲ့ထံက သိရပါတယ်။ တပ်အင်အား ၅၀ ဝန်းကျင်နဲ့ တစ်မိုင်တောင်စခန်းကနေ ဆုတ်ခွာလာပြီး တောင်ယာကမ်းကျေးရွာ အောင်သုခဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်…

လမိုင်းမြို့မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

ရေး၊ စက်တင်ဘာ ၂၉ မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဦးဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၂၈ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က လမိုင်းဘုရားကြီးမှာ ဆွမ်းဆန်စိမ်းလောင်းပွဲကနေ နေအိမ်ကို ကားနဲ့ ပြန်လာတဲ့ အုပ်ချုပ်ရေးမှူး…

မဲဆွယ်စည်းရုံးဖို့ စစ်ကော်မရှင် ကြေညာပေမယ့် ပါတီတွေမပြင်ဆင်ရသေး

နေပြည်တော် ၊ စက်တင်ဘာ ၂၈ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးဖို့ နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကနေ ဟောပြောခွင့်ပြုမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၅ ရက်နေ့မှာ ကြေညာပေမယ့် မပြင်ဆင်ရသေးဘူးလို့ ပါတီတချို့က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဖို့ မိမိတို့ပါတီရဲ့ မူဝါဒ သဘောထား လုပ်ငန်းစဉ် စတာတွေကို နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်သံအစီအစဉ်တွေကနေ ဟောပြောတင်ပြချက်တွေကို…

မော်လမြိုင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စီမံကိန်းကို BOT စနစ်နဲ့ လုပ်ဆောင်ဖို့ စစ်ကော်မရှင် လေသံပြောင်းလာ

မော်လမြိုင် ၊ စက်တင်ဘာ ၂၈ မွန်ပြည်နယ် မော်လမြိုင်မြို့အနီး မုဒုံမြို့နယ် ဘလောက်ညောင်ဝိုင်းကျေးရွာနဲ့ဝဲကလိကျေးရွာကြားမှာ တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းသွား မော်လမြိုင် ဆိပ်ကမ်းသစ် (မုဒုံ) စီမံကိန်းကို BOT စနစ်နဲ့ လုပ်ဆောင်ဖို့ စစ်ကော်မရှင်ဘက်က လေသံပြောင်းလာပါတယ်။ အရင်က မော်လမြိုင်မြို့အနီး တည်ဆောက်မယ့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းစီမံကိန်းအပြင် နိုင်ငံတကာအဆင့်မီ လေဆိပ်ကိုပါ မြေယာလျော်ကြေးပေးတာ၊ လမ်းဖောက်လုပ်တာ၊ အဆောက်…

ရေးမှာ စစ်ကြောင်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော် ပြန်လွတ်ဖို့ ငွေပေးရ

ရေး၊ စက်တင်ဘာ ၂၈ မွန်ပြည်နယ် ရေးမြို့နယ်မှာ စစ်ကော်မရှင်တပ် စစ်ကြောင်း လမ်းပြလူသားဒိုင်းအဖြစ် ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်ဟာ ပြန်လည်လွတ်မြောက်ရေးအတွက် ငွေကျပ် သိန်းနဲ့ချီ ပေးဆောင်ခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ်ရဲ့ အင်အား ၃၀၀ လောက်ပါတဲ့ စစ် ကြောင်းသုံးကြောင်းဟာ ရေးမြို့နယ်…

ကရင်ပြည်နယ် လှိုင်းဘွဲလမ်းပိုင်းမှာ ဆန်နဲ့စက်သုံးဆီတွေကို စစ်တပ်ဖမ်းဆီးသိမ်းဆည်းနေ

လှိုင်းဘွဲ၊ စက်တင်ဘာ ၂၈ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လမ်းပိုင်းတွေမှာ သွားလာနေတဲ့ ကုန်ကားတွေကို စစ်ကော်မရှင်တပ် တင်းကျပ်စွာ စစ်ဆေးနေပြီး ဆန်နဲ့ စက်သုံးဆီတွေ သယ်ဆောင်လာပါက တစ်ခါတည်း ဖမ်းဆီးသိမ်းဆည်းနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လှိုင်းဘွဲ-ဘားအံလမ်း၊ လှိုင်းဘွဲ-ပိုင်ကျုံ-နဘူးလမ်းနဲ့ ထီလုံ-နဘူးလမ်းတွေမှာ သွားလာနေတဲ့ ကုန် စည်တင်ဆောင်လာတဲ့ ယာဉ်တွေအပါအဝင် အိမ်စီးကားတွေကိုလည်း စစ်ကော်မရှင်တပ်က ရှာဖွေစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်ဆောင်လာနေပြီး…

အစ္စရေး ဝန်ကြီးချုပ် ကုလမှာ မိန့်ခွန်းပြောချိန် သံတမန်တွေ ခန်းမအတွင်းမှ ထွက်ခွာ

နယူးယောက်၊ စက်တင်ဘာ ၂၇ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟုက ပါလက်စတိုင်းကို နိုင်ငံအဖြစ် အနောက်နိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို တိုက်ခိုက် ပြောဆိုခဲ့ပါတယ်။ အဲဒီလို အသိအမှတ်ပြုတဲ့ လုပ်ရပ်တွေဟာ ဂျူးလူမျိုးတွေ သတ်ဖြတ်ခံရမှု အတွက် စာရင်းရှင်းပြီး ဖြစ်တယ်ဆိုတဲ့ သတင်းစကားကို ပေးပို့လိုက်တဲ့ အရှက်ရစရာ အမှတ်အသား တစ်ခု ဖြစ်တယ်လို့…

အမေရိကန်ကို တိုက်ခိုက်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် တီထွင်ရေး မြောက်ကိုရီးယား နီးစပ်နေပြီလို့ တောင်ကိုရီးယား ပြော

ဆိုးလ်၊ စက်တင်ဘာ ၂၇ မြောက်ကိုရီးယားဟာ အမေရိကန်ကို နျူကလီးယားလက်နက်နဲ့ ပစ်ခတ်နိုင်မယ့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်ရေး နောက်ဆုံးအဆင့်ကို ရောက်ရှိနေပေမယ့် ကမ္ဘာ့လေထုထဲ ဝင်ရောက်တဲ့ နည်းပညာ ကျွမ်းကျင်ပိုင်နိုင်မှု မရှိသေးဘူးလို့ တောင်ကိုရီးယားသမ္မတက စက်တင်ဘာ ၂၆ ရက်မှာ ပြောကြားလိုက်ပါတယ်။ နယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေတဲ့ သမ္မတ လီဂျေးမြောင်ဟာ နယူးယောက် ရှယ်ယာဈေးကွက်မှာ…