ကျောက်မဲမှာ စစ်ကော်မရှင်ရဲ့ ဗုံးကြဲမှုကြောင့် အမျိုးသားတစ်ဦး ထိမှန်သေဆုံး
ကျောက်မဲ၊ စက်တင်ဘာလ ၂၇ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ ကျောက်မဲမြို့နယ် ပါပုတ်ကျေးရွာကို စစ်ကော်မရှင်တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဒရုန်းဖြင့် ဗုံးတစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာပါ။ စစ်ကော်မရှင်တပ်ရဲ့ ဗုံးကြဲမှုကြောင့်…
