September 2025

မွန်ပြည်နယ်မှာ စစ်တပ်နဲ့ ရဲသတင်းပေးတွေ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုပိုဆိုးလာ

မော်လမြိုင် ၊ စက်တင်ဘာ ၁၀ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေကို သတင်းပေး လုပ်ဆောင်နေတဲ့ ဒေသအခေါ် ဒလန်တွေဟာ ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှု ပိုမို ဆိုးရွားလာတယ်လို့ ဒေ သခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီသတင်းပေးတွေဟာ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မသင်္ကာတဲ့လူတွေ တွေ့ရှိပါက ချက်ချင်းအကြောင်းကြားဖို့ စစ်ကော်မရှင်က…

ရေဖြူမှာ စစ်ကြောင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံး

ရေဖြူ၊ စက်တင်ဘာ ၁၀ တနင်္သာရီတိုင်း ရေဖြူမြို့နယ် ရာဖူးကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရေဖြူမြို့နယ်မှာ စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၈ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ရဖူးကျေးရွာထဲကို လက်နက်ကြီးတစ်လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးကြောင့်…

စစ်ကော်မရှင် ရွေးကောက်ပွဲ ဆန့်ကျင်မှုမှာ ကရင်အမျိုးသားရဲတပ်ဖွဲ့ ပူးပေါင်းပါဝင်မယ်

ဘားအံ၊ စက်တင်ဘာ ၁၀ ကရင်အမျိုးသားအစည်းအရုံး KNU ဟာ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲမဖြစ်မြှောက်ရေးအတွက် ဆန့်ကျင်တော်လှန်နေပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့ကလည်း ကျရာတာဝန်ကို အတူတကွ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ KNU ဗဟိုဌာနချုပ်က စက်တင်ဘာ ၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ၃၄ ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ကို ကရင်အမျိုးသားအစည်းအရုံး KNU က သဝဏ်လွှာပေးပို့ရာမှာ…

အမျိုးသမီးပါတီ(မွန်)အပါအဝင် နိုင်ငံရေးပါတီ လေးခု ဖျက်သိမ်းခံရ

နေပြည်တော်၊ စက်တင်ဘာ ၉ နိုင်ငံရေးပါတီအဖြစ် ပါတီမှတ်ပုံတင်ခွင့်ရရှိထားတဲ့ အမျိုးသမီးပါတီ(မွန်)အပါအဝင် နိုင်ငံရေးပါတီ လေးခုကို ပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တယ်လို့ စစ်ကော်မရှင်ရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ ညဦးပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အမျိုးသမီးပါတီ(မွန်)၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီတို့ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ(ဇ)အရ သတ်မှတ် ပါတီရုံးခန်း မဖွင့်နိုင်လို့…

ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်မပေးတဲ့ အကျိုးဆက် စစ်အုပ်စု တာဝန်ယူရမယ်လို့ NUG ပြော

နေပြည်တော် ၊ စက်တင်ဘာ ၉ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသခွင့်အပေးတဲ့အပေါ် ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးကို စစ်အုပ်စုက အပြည့်အဝ တာဝန်ယူရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စက်တင်ဘာ ၈ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စိုးရိမ်ဖွယ်ရာ နှလုံးရောဂါအခြေအနေကို ခံစားနေရပြီး လုံလောက်တဲ့ ဆေးကုသမှုမရရှိကြောင်း သားဖြစ်သူ ကိုထိန်လင်း…

လက်နက် မချရင် အလုံးစုံ ပျက်စီးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ဟားမာ့စ်ကို အစ္စရေး သတိပေး

ဂျေရုစလင်၊ စက်တင်ဘာ ၉ ဂါဇာမှာ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အားလုံး ပြန်လွှတ်ပေးရမယ့် သဘောတူညီမှု တစ်ရပ်ကို ဟားမာ့စ်အဖွဲ့အနေနဲ့ လက်ခံရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားပြီးနောက် အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ဟားမာ့စ် လက်နက်မချရင် အလုံးစုံ ပျက်စီးမှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ စက်တင်ဘာ ၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အစ္စရေး သိမ်းယူထားတဲ့…

သီတင်းပတ်များကြာ ဆန္ဒပြပွဲတွေအပြီး အင်ဒိုနီးရှားမှာ ဝန်ကြီး ၅ ဦး ထုတ်ပယ်ခံရ

ဂျကာတာ၊ စက်တင်ဘာ ၉ လွှတ်တော် အမတ်တွေရဲ့ အကျိုးခံစားခွင့်နဲ့ ပတ်သက်လို့ နိုင်ငံတဝှမ်း ဆိုးဆိုးရွားရွား ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် အင်ဒိုနီးရှား သမ္မတ ပရာဘိုဝိုက အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အပြောင်းအလဲ ပြုလုပ်ကြောင်း စက်တင်ဘာ ၈ ရက် ကြေညာပါတယ်။ နိုင်ငံရေးနဲ့ လုံခြုံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဘူဒီ ဂူနာဝမ် အပြင်…

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရ

ဘန်ကောက်၊ စက်တင်ဘာ ၉ ဘီလျံနာ သူဌေးကြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ သူ့ရဲ့ ထောင်ဒဏ်ကို ဆေးရုံတစ်ခုရဲ့ VIP အဆောင်မှာ ကျော်လွန် ဖြတ်သန်းခဲ့တာကြောင့် သူ့အနေနဲ့ ထောင်ဒဏ် တစ် နှစ် ကျခံရမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံတော်တရားရုံးက စက်တင်ဘာ ၉ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ပြည်ပမှာ နှစ်များစွာကြာ တိမ်းရှောင်နေခဲ့ပြီး ၂၀၂၃…

ဘားအံထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နက်တိုက်ပိတ်ခံရပြီးသေဆုံး

ဘားအံ၊ စက်တင်ဘာ ၉ ကရင်ပြည်နယ် ဘားအံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး ရိုက်နက်တိုက်ပိတ်ခံရပြီး အဲဒီထဲက နိုင်ငံရေးအကျဉ်းသား တစ်ဦးဟာ ညှင်းပန်းနှိပ်စက်မှု ဒဏ်ရာတွေကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့မှာ ဘားအံထောင် ကြိုးကြာဆောင်ရှိ နိုင်ငံရေးအကျဉ်းသား ၁၂ ဦးအား ထောင်အာဏာပိုင်တွေက…

သရက်ချောင်းမှာ နေအိမ် ၄၀ နီးပါးကို စစ်တပ်မီးရှို့ဖျက်ဆီး

သရက်ချောင်း၊ စက်တင်ဘာ ၉ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က နေအိမ် အလုံး ၄၀ နီးပါး မီရှို့ဖျက်ဆီးခဲ့တယ်လို့ ထားဝယ်ခရိုင် သပိတ်ကော်မတီ DDMSC ထံကနေ သိရပါတယ်။ သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းအတိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် သားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ မနက်ပိုင်းမှာ ရန်တောင်ကျေးရွာနဲ့ သင်ကျွန်းကျေးရွာက နေအိမ်တွေကို…